ပို့လဘား၊ ဇန်နဝါရီ ၄ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားကို ကိုးကန့်တပ်မတော်- MNDAA က ပြုလုပ်ပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ လားရှိုးမြို့ထဲက လိုင်စင်ကား၊ လိုင်စင်မဲ့‌ မော်တော်ယာဉ်၊ ကုန်တင်ကား စတဲ့စက်တပ်ယာဉ် မှန်သမျှကို မြို့တွင်း စက်တပ်ယာဉ် မောင်းနှင်ခွင့် ယာယီကတ် ပြုလုပ်ပေးနေတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကားကြီးတို့ ကားသေးတို့ အကုန်လုပ်ပေးတယ်။ အဲလိုလုပ်ပေးရတာကလည်း ကားတွေ အခိုးခံရရင် အလွယ်တကူ စိစစ်ရှာပေးလို့ လွယ်အောင် လုပ်တာ။ အဲဒီကတ် လုပ်ပြီးရင် အဲဒီကတ်ပြားကို ကိုင်ပြီး ကားနဲ့ တွဲပြီး ဓာတ်ပုံရိုက် မှတ်တမ်း‌ေတွ ယူထားတယ်။ လုပ်ပေးတာလည်း သူတို့ကို ပိုက်ဆံ တစ်သောင်းခွဲတော့ ကောက်တယ်။ အဲဒီ ခဲခြစ်နဲ့ ကတ် လောင်းတာက အပြင်လူ ငှားပြီး လုပ်ပေးနေတာမို့ အဲဟာပဲ ကောက်တယ်”

လားရှိုးမြို့တွင်း ပြန်လည် ဝင်ရောက်နေထိုင်သူတွေဟာ ကတ်ပြား လာရောက်ပြုလုပ်နေကြပြီး နောက်ပိုင်းမှာတော့ ကတ်ပြား ပြုလုပ်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာ သွားရောက် အကြောင်းကြား ပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။

မြို့တွင်း စက်တပ်ယာဉ် မောင်းနှင်ခွင့် ယာယီကတ်ပြား သက်တမ်းမှာ တစ်နှစ်သက်တမ်းဖြစ်ပြီး နောက်ပိုင်းမှာ သက်တမ်း တိုးတာ၊ လိုင်စင် လုပ်ပေးတာတွေကို ပြုလုပ်ပေးသွားမယ်လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာလည်း MNDAA က လားရှိုးမြို့မှာ ဘီးလိမ့်ခွန်ကို စတင်ကောက်ခံခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။