ယာရူစိင်၊ မေလ ၂၉ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆွဲကြိုး၊ လက်စွပ်နှစ်ကွင်းနဲ့ ဖုန်းတွေ ပါသွားတယ်လို့ ကာယကံရှင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မေလ ၂၉ ရက် မ‌နက်အစောပိုင်းမှာ လားရှိုးမြို့ ရပ်ကွက်(၅) အောင်မင်္ဂလာဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို ဝတ်စုံအနက်ရောင် ဝတ်ထားတဲ့ အမျိုးသား ၂ ဦးက ရှေ့ကနေ ပိတ်ရပ်ပြီး ဆွဲကြိုး၊ လက်စွပ်နှစ်ကွင်းနဲ့ဖုန်းကို လုယက်ယူဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

“နှစ်ယောက်စလုံးက အနက်ရောင်ဝတ်စုံ ဝတ်ထားတယ်။ တစ်ယောက်ကတော့ သေနတ်အတို ခါးမှာ ညှပ်ထားတယ်။ နောက်တစ်ယောက်တော့ သေနတ် မပါဘူး ဓားတစ်လက် ပါတယ်။ ကျမ ဆွဲထားတဲ့ ဆွဲကြိုး ဖြုတ်ပေးလိုက်ရတယ်။ လက်စွပ်နဲ့ ဖုန်းလည်း ပါသွားတယ်။ ပိုက်ဆံတော့ ၅ သောင်းလောက်ပဲ ပါသွားတယ်” လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

မနေ့ မေလ ၂၈ ရက် မနက်အစောပိုင်းကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အဝေယျာလမ်းသွယ်မှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသားတစ်ဦးရဲ့ ဆိုင်ကယ်ကို ရဲဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ် လုယက်သွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ လားရှိုးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအပါအဝင် တချို့ယန္တရားကို စစ်ကောင်စီက စတင်လုပ်ဆောင်နေ‌ပေမဲ့ လုံခြုံရေးအပိုင်းကိုတော့ လက်ရှိအချိန်ထိ မလုပ်ဆောင်နိုင်သေးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ မေလ ၂၉ ရက်အထိ ဓားပြတိုက်မှုနဲ့ လုယက်မှု ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။