ဓာတ်ပုံ – Local

လွေးဇွန်မိုး၊ မေလ ၂၉ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမှာ နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) လုပ်ဖို့ တုံကင်ယူရာမှာ နေရာရောင်းစားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

စစ်ကောင်စီတပ် လားရှိုးကို ပြန်လည်ဝင်ရောက်လာပြီးနောက် လားရှိုးရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ရုံးကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ စဖွင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မှတ်ပုံတင်ကို တုံကင်စနစ်နဲ့ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

သုံးရက်ကို လူအယောက်၂၀၀ တုံကင်ပေးပြီး တုံကင်ယူရာမှာ တံခါးစောင့်တဲ့ ဝန်ထမ်းနဲ့ ဆိုင်ကယ်စောင့်တဲ့ ဝန်ထမ်းတွေက နေရာရောင်းစားနေတာတွေရှိနေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မှတ်ပုံတင်လုပ်တာက မကြာဘူး။ လုပ်ရဖို့အရေး တုံကင်ယူရတာကြာတာ။ တံခါးစောင့်ဝန်ထမ်းနဲ့ ဆိုင်ကယ်စောင့်တဲ့လူတွေက နေရာရောင်းစားနေတာ။ ည ၁၂ နာရီ ကတည်းက သွားတန်းစီတဲ့လူတွေပြောတာတော့ သူတို့ရောက်တော့ အရှေ့မှာလူတစ်ယောက်မှမရှိဘူးတဲ့။ အဲ့တာနဲ့ ပထမဆုံးနေရာမှာ သွားတန်းစီတော့ တံခါးစောင့်ဘိုးတော်က ဒီနားမှာလူရှိတယ်ဆိုပြီး လူတစ်ရာစာလောက်ဝေးတဲ့နေရာမှာ တန်းစီခိုင်းတာ။ တံခါးစောင့်ဘိုးတော်ကမနက် ၈ နာရီလောက်မှလာတဲ့လူတွေကို တစ်ခုံ ၃၀၀၀၀ အနောက်ဘက်ဆို ၁၅၀၀၀ နဲ့ ပြန်ရောင်းစားတာ။ ပိုက်ဆံတတ်နိုင်တဲ့လူတွေအတွက်တော့ အဆင်ပြေတာပေါ့။ မှတ်ပုံတင် လုပ်ပေးတဲ့ ဝန်ထမ်းတွေက အခုကိစ္စကို မသိလောက်ဘူးထင်တယ်။လုပ်စားနေတဲ့လူတွေကြောင့် စောစောလာတန်းစီးတဲ့လူတွေက တုံကင်မရကြဘူး”

ဒါ့အပြင် မှတ်ပုံတင်လုပ်ရာမှာလည်း လဝကရုံး ဝန်ထမ်းနဲ့ ပွဲစားတွေပေါင်းပြီး တုံကင်ယူဖို့ တန်းစီစောင့်ဆိုင်းတဲ့ သူတွေထက် ငွေကြေးတတ်နိုင်တဲ့ တရုတ်လူမျိုးတွေကိုသာ ဦးစားပေးလုပ်ပေးနေတယ်လို့ ဒေသခံအမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မှတ်ပုံ‌တင်တွေ လုပ်တော့လုပ်ပေးပြီး မနက် ၆ နာရီကစပြီး လဝကရုံးမှာ လူရာချီတန်းစီပြီး စောင့်နေတာ ဒါပေမဲ့ စကစအကျင့်စရိုက်ဟောင်းတွေ သိတဲ့အတိုင်းပဲ ပိုက်ဆံတတ်နိုင်တဲ့လူတွေနဲ့ တရုတ်လူမျိုးတွေကို သူတို့အရင်လုပ်ပေးတယ်။ နေပူထဲတန်းစီပြီး စောင့်နေတဲ့လူတွေကိုတော့ သူတို့မလုပ်ပေးဘူး တရုတ်တွေဆို ဆယ်ချီရာချီပေးနိုင်တယ်လေ။ တရုတ်တွေကိုပဲ သူတို့ဦးစားပေးလုပ်ပေးတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တရုတ်အကူညီနဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ ပြန်လည်ဝင်ရောက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။