ပုံစာ- လားရှိုးမြို့ကို ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ မသိမ်းပိုက်ခင်က တွေ့ရတဲ့ စစ်ကောင်စီတပ်_ပုံဟောင်း

မိုင်းရူပ၊ ဧပြီ ၂၄ ရက်၊ လားရှိုး

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ် ပြန်လည် အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့် မေလထဲ အုပ်ချုပ်ရေးလုပ်ငန်း စတင်လည်ပတ်မှာဖြစ်တယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ လားရှိုးမြို့ ရပ်ကွက်(၁၂)အကျော်ဘက်က အေတီတံတားမှာ စောင့်နေပြီး ဖြတ်သန်သွားလာသူတွေကို ငွေတောင်းတာ ရှိနေပြီး လားရှိုး-သီပေါလမ်း လားရှိုးမြို့အထွက်မှာလည်း ဘန်ကာတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

“လကုန်ရင်တော့ အကုန်ပြန်လည်ပတ်မယ်တဲ့။ အေတီတံတားထိပ်မှာ ကားတွေကို မနေ့ကတည်းက ပိုက်ဆံ စကောက်နေပြီ။ ဝင်လာသမျှကားတွေ စစ်ပြီး ကောက်နေတာ။ တစ်စီး တစ်သောင်းခွဲ တောင်းတာ” လို့ လားရှိုးမြို့ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ထဲ ကိုးကန့်တပ် ဆုတ်ခွာသွားပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ စစ်ကောင်စီ ယာဉ်တန်းဟာ လားရှိုးမြို့တွင်းထဲ ဝင်ရောက်လာပြီး မြို့အဝင်မှာရှိတဲ့ ခြေလျင်တပ်ရင်း ၄၁ တပ်နဲ့ ထောက်ပို့တပ် ၆၂၆ မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးကို စစ်ကောင်စီထံ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့ တရုတ်အစိုးရရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ တရုတ်ဘက်က ပို့ဆောင်ထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ ၈ လကျော်အကြာမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။