ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ မတ်လ ၂၉ ရက်၊ နောင်ချို

မနေ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုတ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး အရပ်သား ထိခိုက်မှုလည်း ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“ကျနော်တို့တပ်တွေ ရှိတဲ့နေရာ ၁၂ နာရီ ၅၂ မိနစ်မှာ ငလျင် လှုပ်နေတာ။ အဲချိန်မှာဘဲ ဆက်သွယ်ရေးက လေကြောင်း သတင်းပေးလာတယ်။ မကြာဘူး ၁၂ နာရီ ၅၄ မိနစ်မှာ ချက်ချင်း ရောက်လာပြီးတော့ ကြဲသွားတာ။ ၃ စီး ကြဲတာ။ အဲဒါတင် မကဘူး။ စက်သေနတ်တွေနဲ့ကော ပစ်သွားတာ” လို့ DPLA တပ်ဖွဲ့ကို ဦးဆောင်နေသူ ဦးထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်း သတင်းရချိန် စစ်မေ ၆ ဦးဟာ ဗုံးခိုကျင်းထဲ ဝင်ရောက် ပုန်းခိုခဲ့ပေမဲ့ အဲဒီဗုံးသီးဟာ ကျင်းထဲ တည့်တည့် ကျရောက်ခဲ့တာကြောင့် ၆ ဦးစလုံး သေဆုံးသွားတာလို့ ဆိုပါတယ်။

“ဗုံးအကြီးကတော့ ၈ လုံး ချသွားတယ်။ ရွာသားတွေ ထိတာလည်း ရှိတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူး။ စာသင်ကျောင်း ၁ ကျောင်းနဲ့ အိမ်ကတော့ ၄ လုံး ထိခိုက်ပျက်စီးသွားတယ်” လို့ ဦးထွန်းထွန်းနိုင်က ဆက်ပြောပါတယ်။

နောင်လင်ရွာဟာ တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းနဲ့ အလှမ်းဝေးပြီး စစ်တပ်ရဲ့ သတင်းပေးကြောင့် ဗုံးကြဲခံရတာဖြစ်ပြီး သတင်းပေးသူကိုလည်း အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ငလျင် လှုပ်ပြီးချိန်မှာလည်း စစ်တပ်ဟာ ကရင်၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်းဘက်မှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။