ဓာတ်ပုံ – Local

သူတော်စိန်၊ မတ်လ ၆ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်နယ်စပ်ဖြတ်သန်းခွင့် BPစာအုပ်အနီလုပ်ဖို့အတွက် တုံကင်ယူစဉ် ငွေ ၇သိန်းကျော်ကနေ ၉ သိန်းကျပ်အထိ ခရိုင်လဝကမှူးဆီ လာဘ်ပေးဆောင်နေရတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တုံကင်ရမဲ့ရက်ကို မူဆယ်မြို့မှာရှိတဲ့ ခရိုင်လဝကရုံးက ကြေညာတင်ထားပေမယ့် မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့ အိမ်ထောင်စုရှိတဲ့သူတွေအတွက်သာ BPစာအုပ်နီအတွက် တုံကင်ရယူတာဖြစ်ပြီး အလှည့်ကျစနစ်နဲ့ တုံကင်ပေးတာဖြစ်တဲ့အတွက်ကြောင့် ‌တုံကင်ရောင်းစားနေတာတွေလည်း ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“၂၈ ရက်နေ့ရမယ်ဆိုလို့ တုံကင်အမြန်ကြေးပေးလုပ်ထားတာ။ သူတို့ကို ၈ သိန်းခွဲပေးရတယ်။ ပွဲစားကနေ ချိတ်ဆက်တာဆိုတော့ ပွဲစားကို ချိတ်ဆက်ခ ၅သောင်း ထပ်ပေးရတယ်။ ပွဲစားကပဲ လိုက်ပို့တာ”လို့ ပြောပါတယ်။

မူဆယ်နဲ့ နမ့်ခမ်းမြို့ အိမ်ထောင်စု မဟုတ်တဲ့ တခြားမြို့တွေကို BPစာအုပ်အနီလုပ်ဖို့အတွက်ဆိုပြီး အရေးပေါ် အကြောင်းပြချက်နဲ့ ခရိုင်လဝကမှူးက ရုံးချုပ်ကို စာတင်ပြီး ရုံးစာမကျလာတာကြောင့် ငွေ သိန်း ၁၀၀ နဲ့ တရားမဝင်ဆောင်ရွက်ပေးနေတာတွေ ရှိတယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီမူဆယ်နဲ့ နမ့်ခမ်းအိမ်ထောင်စုတွေနဲ့ လုပ်ပေးနေတာပေါ့။ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်ကို BPစာအုပ်အနီပေါ်‌က ဓာတ်ပုံနေရာမှာ တခြားပြည်နယ်နဲ့ တခြားမြို့ရဲ့ သူတို့ဓာတ်ပုံတွေ ကပ်ပြီး လုပ်ပေးနေတာ”လို့ ဆိုပါတယ်။

တုံကင်အမြန်ရဖို့အတွက် မူဆယ်မြို့မှာရှိတဲ့ မကြိုင်၊ ညီခ၊ ထွန်းလူ၊ ကျော်သောင်း နဲ့ နန်းဟွမ်တို့ ပွဲစား‌တွေဟာ ဒုခရိုင်လဝကမှူးဖြစ်တဲ့ မနှင်းယုနိုင်ဆိုတဲ့ ဝန်ထမ်းတစ်ဦးနဲ့ ချိတ်ဆက်ပေးတွေ့ပြီး တုံကင်အမြန်ရအောင် ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

မူဆယ်မြို့မှာ နယ်စပ်ဖြတ်သန်းဖို့အတွက် တုံကင်လုပ်တဲ့ လူထုတွေကို နေရာရောင်းစားတာရှိသလို တုံကင်ရောင်းစားတဲ့သူတွေလည်း ရှိနေတာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။