ဓာတ်ပုံ – CJ

မိုင်းပန်ပျော်၊ မတ်လ ၆ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် မန်ဆန်ရေကျကျေးရွာမှာ ကိုးကန့်တပ်မတော်-MNDAA ရဲ့ တပ်သားတစ်ဦးက လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက် မနက်ပိုင်း ၉ နာရီအချိန်မှာ အဲဒီ MNDAA တပ်သားက လက်ပစ်ဗုံးရဲ့ ဂတ်(စ်) ကို ကျောက်လှည့်နဲ့ ဖြုတ်ဖို့လုပ်တဲ့အချိန် ပေါက်ကွဲခဲ့တာကြောင့် သူရဲ့လက်ချောင်း သုံးချောင်းပြတ်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“မန်ဆန်ရေကျမှာ တရုတ်စစ်သားတစ်ယောက်က သူလက်ပစ်ဗုံးရဲ့ ဂတ်(စ်) ကိုကျောက်လှည့်နဲ့ဖြုတ်တာလေ။ အဲ့ဒါပေါက်ကွဲပြီး သူ့ရဲ့လက်ချောင်းသုံးချောင်းပြတ်တယ်။ မျက်နှာနဲ့ တစ်ခြား‌နေရာတွေမှာလည်း ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။

အဆိုပါဒဏ်ရာရခဲ့တဲ့သူရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ သူကမသိရှိရဘူးလို့ ၎င်းကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာလည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာက နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သလို ကွတ်ခိုင်မှာလည်း လက်နက်အကျွင်းအကျန်ယူဆော့မိလို့ ကလေးတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။