ဓာတ်ပုံ- လားရှိုး ပြန်လည်ထူထောင်ရေး

ခိုင်လေး၊ မတ်လ ၂ ရက်၊ လားရှိုး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လားရှိုးမြို့မှာ အသက်အရွယ်မရွေး မျက်စိအတွင်းတိမ်ရောဂါ အခမဲ့ ခွဲစိတ်ကုသမှုကို မနေ့ မတ်လ ၁ ရက်ကစပြီး လာမယ့် မတ်လ ၇ ရက်အထိ ကုသပေးသွားမှာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်က ရပ်ကွက်အလိုက် စာရင်းကောက်ယူထားတဲ့ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာတာဖြစ်ပြီး အဲဒီအထဲမှာမှ သေချာစမ်းသပ် စစ်‌ဆေးပြီးမှ ခွဲစိတ်မှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဓိကတော့ အတွင်းတိမ်တစ်ခုတည်းကို ဘဲ ကုသပေးဖို့ ရှိတယ်လို့ ကြားတယ်။ လူဦးရေတော့ ကန့်သတ်တာ မရှိဘူး။ လားရှိုးမြို့ပေါ်ရှိတဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတယ်။ အခြားဒေသ‌က လူတွေကိုကြတော့ ခွဲစိတ်ကုသပေးတာတွေတော့ ရှိတယ်။ အခမဲ့ ခွဲစိတ်ပေးတာတော့ မရှိသေးဘူး”

လက်ရှိ ရရှိထားတဲ့ စာရင်းအရ လူဦးရေ ၂၀၀ ကျော်ကို ၃ ရက်နေ့အထိ စမ်းသပ်စစ်ဆေးပေးသွားမှာဖြစ်ပြီး တစ်ရက်ကို လူဦးရေ ၇၀ အထိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးပြီးနောက် ၄ ရက်‌နေ့မှာ ခွဲစိတ်ကုသရမယ့်သူရဲ့စာရင်းကို ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး မတ်လ ၅ ရက်ကနေ ၇ ရက်နေ့မှာ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မျက်စိအတွင်းတိမ်နဲ့ ပတ်သက်ပြီး ခွဲစိတ်ကုသပေးတာ‌ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်နောင်လည်း ဆက်လုပ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး MNDAA က စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။