ဓာတ်ပုံ- လားရှိုး ပြန်လည်ထူထောင်ရေး

ခိုင်လေး၊ မတ်လ ၂ ရက်၊ လားရှိုး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လားရှိုးမြို့မှာ အသက်အရွယ်မရွေး မျက်စိအတွင်းတိမ်ရောဂါ အခမဲ့ ခွဲစိတ်ကုသမှုကို မနေ့ မတ်လ ၁ ရက်ကစပြီး လာမယ့် မတ်လ ၇ ရက်အထိ ကုသပေးသွားမှာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်က ရပ်ကွက်အလိုက် စာရင်းကောက်ယူထားတဲ့ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာတာဖြစ်ပြီး အဲဒီအထဲမှာမှ သေချာစမ်းသပ် စစ်‌ဆေးပြီးမှ ခွဲစိတ်မှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဓိကတော့ အတွင်းတိမ်တစ်ခုတည်းကို ဘဲ ကုသပေးဖို့ ရှိတယ်လို့ ကြားတယ်။ လူဦးရေတော့ ကန့်သတ်တာ မရှိဘူး။ လားရှိုးမြို့ပေါ်ရှိတဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတယ်။ အခြားဒေသ‌က လူတွေကိုကြတော့ ခွဲစိတ်ကုသပေးတာတွေတော့ ရှိတယ်။ အခမဲ့ ခွဲစိတ်ပေးတာတော့ မရှိသေးဘူး”

လက်ရှိ ရရှိထားတဲ့ စာရင်းအရ လူဦးရေ ၂၀၀ ကျော်ကို ၃ ရက်နေ့အထိ စမ်းသပ်စစ်ဆေးပေးသွားမှာဖြစ်ပြီး တစ်ရက်ကို လူဦးရေ ၇၀ အထိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးပြီးနောက် ၄ ရက်‌နေ့မှာ ခွဲစိတ်ကုသရမယ့်သူရဲ့စာရင်းကို ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး မတ်လ ၅ ရက်ကနေ ၇ ရက်နေ့မှာ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မျက်စိအတွင်းတိမ်နဲ့ ပတ်သက်ပြီး ခွဲစိတ်ကုသပေးတာ‌ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်နောင်လည်း ဆက်လုပ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး MNDAA က စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။