ဓာတ်ပုံ – Local

ပျားကြီး၊ ဖေဖော်ဝါရီ ၂၅၊ ပေါက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီး (Paramoter) နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်ကစပြီး အနီးအနားမှာတိုက်ပွဲတွေမရှိဘဲ ၃ ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“တစ်ခါကြဲရင် ၂ လုံးကြဲတာ။ ၃ ကြိမ်ပေါ့။ အိမ်တွေပေါ်ကျလို့ သေတာလေ။ တစ်ယောက်က ပေါင်ရိုးကျိုးသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ကင်းမကျေးရွာကို စက်တပ်လေထီး (Paramoter) နဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးပေမဲ့ အဲဒီအချိန်ကလူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မကွေးတိုင်းထဲမှာ စက်တပ်လေထီးတွေအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာသလို ဂျက်ဖိုက်တာတွေနဲ့လည်း မကြာခဏဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေအများအပြားရှိနေတာတွေ့ရပါတယ်။

ကင်းမရွာဟာ စစ်တပ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် အတွင်းမှာ ပထမဆုံးရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။