ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်နဲ့မြိုင်မှာ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး ဒေသခံ ၆ ဦးကို သတ်ဖြတ်သွား၊ ‌ကျေးရွာ ၁၆ ရွာ ထွက်ပြေးတိမ်းရှောင်နေရ

ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ပေါက် ‌‌မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ၆…

ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စက်တပ်လေထီးကို ပူးပေါင်းတပ်တွေ ပစ်ချနိုင်ခဲ့

‎မကွေးတိုင်း ပေါက်မြို့နယ်မှာ ဗုံးကြဲပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး (ပါရာမော်တာ)ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

ပေါက်မှာ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မှာ အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၁၇ ဦး သေဆုံး

မကွေးတိုင်း ပေါက်မြို့နယ်ကို မိတ္ထီလာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ ကနေ အင်အား ၄၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိရစ္ဆာန်‌တွေကို ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို လက်နက်နဲ့အတူ အရှင်ဖမ်းမိ

မကွေးတိုင်း ပေါက်မြို့နယ် ချက်ကန်ရွာထဲ စစ်ကြောင်းထိုးပြီး လူထုပိုင် တိရိစ္ဆာန်တွေကို ဝင်ရောက် ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်ထဲက စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မြို့နယ် ဆယ်ဝရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်း ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မြို့နယ် စဖဲရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ် စဖဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပေါက် တောင်ပိုင်းကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲ၊ သေဆုံးသူ ၅ ဦးထက်မနည်းရှိ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။