ဓာတ်ပုံ – SPM

မြတ်နိုး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ ဗန်းမော်မြို့ဘက်က လူငယ်အမျိုးသမီး ၁ ဦး KTV တွေမှာ အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့ အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဗန်းမော်က မိန်းကလေးတစ်ယောက်ဘဲ။ K ရှူတာ လွန်သွားပြီးတော့ မူဆယ် ဆေးရုံမှာဘဲ ဆုံးသွားတာ” လို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသွားတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၀ နာရီမှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

“မူဆယ်မှာ မိန်းကလေးရော ယောက်ျားလေးရော K ရှူလို့ သေဆုံးတာ အရမ်းများလာပြီ။ မလွယ်တော့ဘူး။ အခုခေတ် မိန်းကလေးတချို့ KTV တွေမှာ K တွေ ရွှေတွေ ရှူပြီး က နေကြတာ တွေ့နေရတယ်။ ဒီမိန်းကလေးကတော့ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ သူက K အကြောင်း သိပ်မသိတာလားတော့ မသိဘူး။ K ရှူမိတာနဲ့ မကပဲ နေလို့မရဘူး။ ပြုစုမယ့်သူ အဖော်မပါလာရင် အဲလို ဖြစ်တတ်တယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်အပြင် ရှမ်းမြောက်ရှိ မြို့နယ်အများစုမှာ လူကို စိတ်ကြွစေတဲ့ K မှုန့်နဲ့ အရည်ဖျော်သောက်ရတဲ့ ရွှေတို့ဟာ KTV နဲ့ ကလပ်မှာ တရားဝင် အသုံးပြုနေကြပြီး အသုံးလွန်ပြီး သေဆုံးတာနဲ့ ဆေးရုံဆေးခန်းမှာ ဆေး သွားကုသရတဲ့ ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

အဲဒီစိတ်ကြွဆေးတွေ သုံးပြီး သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားပေမဲ့ တိကျတဲ့ စာရင်းပြုစုတာတွေတော့ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။