ဓာတ်ပုံ – SPM

ပို့လဘား၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့တွင်းမှာ ဆိုင်ကယ် ပါဝါအိတ်ဇော တပ်လို့ဆိုပြီး တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်က ကျောက်မဲမြို့မှာ ဆိုင်ကယ်ပါဝါအိတ်ဇော တပ်ပြီး မောင်းလာတဲ့ ဒေသခံ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းပြီး ဒဏ်ငွေ ၁ သိန်းခွဲ ဆောင်ခိုင်းတာလို့ ၎င်းက ပြောပါတယ်။

“ဆိုင်ကယ်အိတ်ဇောက ပေါက်နေတာ အဲဒါကို သူတို့က တားပြီး ဆူဆဲတယ်။ ကျောက်မဲမြို့ ခရိုင်ရဲရုံးထဲ ခေါ်စစ်တာ။ ပြီးတော့ သံချောင်းနဲ့ ၉ ချက် ရိုက်တယ်။ ပါးတစ်ချက် ရိုက်တယ်။ နောက်ကျ ဒဏ်ကြေးဆိုပြီး တစ်သိန်းခွဲ တောင်းတာ တစ်သိန်းရှိလို့ ပေးခဲ့လိုက်တာ။ အမျိုးသမီးကတော့ ရဲမေ ဟုတ်မဟုတ်တော့ မသိဘူး အရပ်ဝတ်စုံနဲ့။ အဲဒီယောကျာ်းလေးကတော့ ရဲဝတ်စုံနဲ့။ အဲဒီမိန်းမက သူ့ကို လက်ထိပ် ပစ်ပေးပြီး လက်ထိပ်တောင် ခတ်ခိုင်းတာ”

ကျောက်မဲမြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာ မရှိသေးဘဲ ဆူညံအိတ်ဇော တပ်ရင် အိတ်ဇော လဲခိုင်းတာနဲ့ ဆိုင်ကယ်တစ်စီးကို ၂ ဦးအထက် စီးရင် ထိုင်ထ လုပ်ခိုင်းတာရှိပြီး ဒဏ်ကြေး ဆောင်ခိုင်းတာ မရှိ‌သေးဘူးလို့ ကျောက်မဲမြို့မှ တအာင်းတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျောက်မဲမှာတော့ အဲလိုထုတ်ပြန်ထားတာ မရှိသေးပါဘူး။ သုံးယောက်စီးရင် ထိုင်ထ လုပ်ခိုင်းတာတွေပဲ ရှိတယ်။ နောက်ထပ် မလုပ်အောင်ဘဲ လုပ်ခိုင်းတာ။ ပြီးရင် တစ်ယောက် အရင်ပို့ခိုင်းပြီး နောက်တစ်ယောက် လာကြိုခိုင်းတာ”

ဆက်လက်ပြီး ၎င်းတာဝန်ရှိသူက “ဆိုင်ကယ်ပါဝါအိတ်ဇော တပ်တဲ့သူတွေကို ပိုက်ဆံ ကောက်တာလည်း မရှိပါဘူး။ ကောက်တဲ့သူ ရှိရင်လည်း ကျနော်တို့ အရေးယူမယ်။ ပါဝါအိတ်ဇောဆိုရင် ထိုင်ထ လုပ်ခိုင်းတာလည်း မရှိဘူး။ သူတို့ကို ရိုးရိုးအိတ်ဇော သွားဝယ်ခိုင်းတယ်။ ပြီးမှ သူတို့ဆိုင်ကယ် ပြန်ပေးပြီး အဲဒီပါဝါအိတ်ဇောတွေကိုတော့ ရဲစခန်းမှာဘဲ သိမ်းထားတာ” ဆိုပြီး ရှင်းပြပါတယ်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဩဂုတ် ၅ ရက်မှာ တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးတော့ လက်ရှိမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

ကျောက်မဲမြို့အပြင် တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့မှာလည်း တအာင်းတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာကြဘဲ ဆိုင်ကယ်တစ်စီး ၃ ဦး စီးတာနဲ့ ကား မောင်းရာမှာ အရှိန်ပြင်းစွာ မောင်းနှင်နေကြတဲ့အပေါ် မြို့ခံလူထုတွေက ဝေဖန်ပြောဆိုမှု ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။