ဓာတ်ပုံ – Koko Tun Naing

အင်းငယ်၊ ဖေဖော်ဝါရီ ၄ ရက်၊ နောင်ချို

နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီစစ်သုံ့ပန်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီထဲကတစ်ဦးဟာ DPLF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ငယ်စဉ်ကတည်းက ကွဲကွာသွားကြတဲ့ ညီအစ်ကိုအရင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

DPLF တည်ထောင်သူနှင့် တာဝန်ခံ ကိုထွန်းနိုင်က “သူ့အစ်ကို ကိုယ်တိုင်က စစ်တပ်ထဲ အရင်ကတည်းက ဝင်တာပါ။ စစ်မှုထမ်းကြောင့် မဟုတ်ဘူး။ လောလောဆယ် ပူပူနွေးနွေးပဲ ရှိသေးတယ်ဆိုတော့ ဘယ်လိုထားရမလဲ စီစဉ်တုန်းပဲ ရှိသေးတယ်။ မသေလို့ပဲ ညီအစ်ကိုချင်း ပြန်ဆုံရတာ။ ရှေ့တန်းမှာ ယှဉ်ပစ်နေရင်း ဆုံကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အစ်ကိုဖြစ်သူ စစ်သားဟာ အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ညီဖြစ်သူကတော့ လက်ရှိ အသက် ၂၀ ကျော်အရွယ်နဲ့ နောင်ချိုတိုက်ပွဲ စတင်ကည်းက DPLF တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးစလုံးဟာ စစ်ကိုင်းတိုင်းဘက်ကလာတဲ့ ဗမာလူမျိုးဖြစ်ပြီး လက်ရှိမှာ အစ်ကိုဖြစ်သူဟာ ဒဏ်ရာ ရရှိထားတာကြောင့် ညီဖြစ်သူက ပြုစုပေးနေရတယ်လို့ သိရပါတယ်။

DPLF ဟာ ဓနုပြည်သူကို ကိုယ်စားပြုထားပေမဲ့ ဓနုလူမျိုးအပြင် ရှမ်း၊ တအာင်း၊ ပအိုဝ်း၊ ဗမာ စတဲ့လူမျိုးလည်း ပါဝင်ကြတဲ့ အဖွဲ့အစည်းဖြစ်ပြီး နောင်ချိုနဲ့ ရှမ်းတောင် ကျောက်ဂူဒေသမှာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။