ရွှေဖီမြေ၊ စက်တင်ဘာ ၁၁ ရက်
ရှမ်းတောင် ရပ်စောက်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ရှမ်းရှေ့ ကျိုင်းတုံမြို့မှာ အလုပ် သွားလုပ်ရာကနေ ၄ လကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ရပ်စောက်မြို့နယ် မာသဲးအုပ်စု အေးချမ်းသာယာရွာမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ်ရှိတဲ့ မအေးပန်းဟာ ကျိုင်းတုံဘက်မှာ အလုပ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ဝပြည်ဘက်မှာ အလုပ်လုပ်ဖို့ သွားခဲ့တာ ဖြစ်ပါတယ်။
“အစက သူကျိုင်းတုံမှာနေတာ။ ၄ လပိုင်းတုန်းက အလုပ်ထွက်ပြီး ဝပြည်ဘက် သွားမယ်လို့ပြောတယ်။ ကျိုင်းတုံမှာ သူအလုပ်လုပ်ခဲ့တဲ့ သူ့အိမ်ရှင်ပြောပြတာကတော့ ယောကျာ်းလေးနှစ်ယောက်က သူ့ကိုလာခေါ်သွားတာတဲ့။ အဲကတည်းက သူနဲ့အဆက်အသွယ်မရတော့တာ။ သူနဲ့အဆက်အသွယ်မရတဲ့နေ့ကတည်းက စပြီး သူ့အမေလည်း စားမဝင် အိပ်မပျော်ဖြစ်နေတာ။ သူ့ကိုစိတ်ပူပြီး။အိပ်ယာထဲမှာပဲ လှဲနေတာ”
မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် ပျောက်ဆုံးသွားတဲ့ မအေးပန်း ဆိုသူကို တွေ့ရှိသူတွေအနေနဲ့ ရွှေဖီမြေမှတဆင့် ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။
~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။