TLEC အတက်တန်းကျောင်းသူကျောင်းသားများကို တွေ့ရစဉ်

ရွှေဖီမြေ၊ စက်တင်ဘာ ၁၂ ရက်၊ နမ့်ဆန်

တအာင်းပြည် ပညာရေးကောင်စီ- TLEC ဖွင့်လှစ်တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အထက်တန်းစာမေးပွဲ ဖြေဆိုသူ ၁,၁၀၉ ဦးရှိပြီး အောင်မြင်သူ ၅၂၆ ဦးအထိ ရှိခဲ့တယ်လို့ TLEC ရဲ့ အစီရင်ခံစာမှာ ဖော်ပြတာကို တွေ့ရပါတယ်။

နမ့်ဆန်မြို့နယ်မှာ ဖြေဆိုသူ ၄၀၄ ဦးနဲ့ နမ့်ခမ်းမြို့နယ်မှာ ၄၀၁ ဦးအထိ ရှိတာကြောင့် ဖြေဆိုသူ ကျောင်းသူကျောင်းသားဦးရေ အများဆုံးမြို့နယ် ၂ ခုအဖြစ် ရပ်တည်နေပါတယ်။

ဒါ့အပြင် မန်တုံမြို့နယ်မှာ ၁၀၅ ဦး၊ နမ္မတူမြို့နယ်မှာ ၈၃ ဦး၊ ကွတ်ခိုင်မြို့နယ်မှာ ၇၉ ဦး ရှိကြပြီး ကျောက်မဲမြို့နယ်မှာတော့ ကျောင်းသူကျောင်းသား ၃၇ ဦးသာ ရှိတာကြောင့် ဖြေဆိုသူ ရာခိုင်နှုန်း အနည်းဆုံးအဖြစ် ရပ်တည်နေသလို အောင်မြင်သူ ၁၂ ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။

ဖြေဆိုခဲ့တဲ့ BECA စနစ်သစ် G-12 စာမေးပွဲဟာ Online ပေါ်မှာ ဖြေဆိုခဲ့ရတာကြောင့် ကျောင်းသူကျောင်းသားတွေဟာ အင်တာနက် အဆင်မပြေမှုနဲ့ ကြုံတွေ့ခဲ့ကြရသလို IT နည်းပညာ မကျွမ်းကျင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် Mobile phone error တက်တာမျိုးတွေ ကြုံတွေ့ခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စာမေးပွဲကို ကျောင်းသူကျောင်းသား ၄၇ ရာခိုင်နှုန်းသာ အောင်မြင်ကြပြီး တစ်ဝက်ကျော်ကတော့ စာမေးပွဲ ကျခဲ့ကြပါတယ်။

ဒါပေမဲ့ အထက်တန်းပညာရေး ဆက်လက်မသင်ယူနိုင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် TLEC က ၁၅ လ ကြာမြင်မယ့် GED သင်တန်း ဖွင့်လှစ်ပေးမှာ ဖြစ်သလို စာမေးပွဲ အောင်မြင်ပြီးတဲ့သူတွေလည်း ဥပဒေကျောင်း၊ နိုင်ငံရေးသိပ္ပံကျောင်း၊ သူနာပြုကျောင်း၊ ဆေးသက္ကသိုလ်၊ IT နည်းပညာကျောင်း စတဲ့အဆင့်မြင့်ပညာရေးဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။