Photo – Local

အလင်း၊ သြဂုတ် ၃၁ ရက်၊ မင်းတပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂)၊ ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ၈ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ သြဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာရှိ နှစ်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးမှ ပေါင် ၅၀၀ ဗုံးသီးလို့ ယူဆရတဲ့ ဗုံးသီး ၄ လုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရွာထဲကို ဗုံးသီး ၄ လုံးလောက်နဲ့ ကြဲချသွားတယ်။ ရွာထဲမှာက အရပ်သားတွေ၊ စစ်ဘေးရှောင်တွေပဲ ရှိတာပါ။” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးတွေ အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး အရပ်သား ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အားလုံး ၈ ယောက်လောက် သေတယ်။ သေတဲ့ထဲမှာ KG ကလေးငယ်တွေ ပါတယ်။ အမျိုးသား ၄ ယောက် အမျိုးသမီး ၄ ယောက်ပါတယ်။ ၁၀ ယောက်ကျော် ဒဏ်ရာရတယ်။ အဲထဲမှာ ကလေးတွေလည်း ပါတယ်။” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

Photo – Local

အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် လူနေအိမ် ၂၀ ဝန်းကျင်ခန့်လည်း ပျက်စီးသွားပါတယ်။

မင်းတပ်မြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။