ရွှေဖီမြေ၊ ဩဂုတ် ၁၀ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဟန်ပြငြိမ်းချမ်းရေး ဖြစ်တာကြောင့် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သတိထားဖို့ လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်သင့်ဘူးလို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကနေ ၆ ရက်အထိ TCSN ရဲ့ ပထမအကြိမ် ညီလာခံကို တအာင်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီလာခံအတွင်း တအာင်းနိုင်ငံရေး အခင်းအကျင်းနဲ့ နွေဦးတော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့တဲ့အပြင် လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေး၊ သဘာဝအရင်းအမြစ်ထုတ်ယူမှု အခြေအနေနဲ့ အမျိုးသမီး၊ လူငယ်ကဏ္ဍတွေကိုလည်း သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

TCSN က တအာင်းဒေသအတွင်း မြေရှားအပါအဝင် သဘာဝ အရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်ယူမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု အားနည်းနေတဲ့အတွက် လူထုရဲ့ လူနေမှုဘဝ ပိုမိုကြပ်တည်းလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် TCSN အနေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းအပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီကို အကောင်အထည်ဖော်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး TCSN ရဲ့ ရည်မှန်းချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ကာ ဘယ်အာဏာရှင်မဆို ကျဆုံးတဲ့အထိ တစိုက်မတ်မတ် တိုက်ဖျက်သွားမယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN ဟာ တအာင်းဒေသအတွင်းမှာရှိတဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ကွန်ရက် ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။