‎ရွှေဖီမြေ၊ ဩဂုတ် ၃ ရက်၊ နမ့်ခမ်း

‎တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးဟာ ဈေးသွားရင်း ပျောက်ဆုံးနေကြောင်း မိသားစုဝင် အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဩဂုတ် ၂ ရက် မနက် ၉ နာရီမှာ နမ့်ခမ်းမြို့ ကောင်းဆာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်စောရင်ခေါ် ယာကျောဟာ နေအိမ်ကနေ ဈေးသွားရင်း ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

‎မိသားစုဝင် အမျိုးသမီးက “အခုထိ အဆက်အသွယ် မရသေးဘူး။ စိတ်တအားပူပါတယ်။ တွေ့ရင် ကူညီပေးကြပါ” လို့ ပြောပါတယ်။

‎ပျောက်ဆုံးသွားပြီးချိန်ကစပြီး သတင်းရေးသားတဲ့အချိန်ထိ တစ်စုံတစ်ရာ သတင်းအစအန မရသေးတာကြောင့် မိသားစုဝင်က ရှာဖွေနေဆဲ ဖြစ်ပါတယ်။

‎နမ့်ခမ်းအပါအဝင် မူဆယ်မြို့မှာလည်း လူပျောက်တာ မကြာခဏ ဖြစ်ပွားနေပေမဲ့ လူငယ်တွေသာ ဖြစ်ကြပြီး အခုလို သက်ကြီးပိုင်း ပျောက်ဆုံးတာဟာ ရှားပါးကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်သူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူမယ်လို့ တရုတ်ဘက်က ‌သတိပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

တရုတ်ဘက်က ခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင် မူဆယ်မြို့အနီးထိ လာရောက် စိုက်ထူထား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင်တွေဟာ မြို့နားအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်ရဲ့ အမှတ်တံဆိပ်တွေကို ကူးယူတယ်ဆိုပြီး နာမည်ကြီး Yunyan နဲ့ Hongtashan အပါအဝင် အခြားစီးကရက်တွေကို “ဝ” က ဖမ်းဆီးပြီး တရုတ်ထံအပ်နှံ

ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက် တချိန်က ရှမ်း​ပြည်မှာ နာမည်ကြီးပြီးလူသောက်များကြတဲ့ Yunyan, Hongtashan, Hongheနဲ့ Jinniu Huoju…