ဓာတ်ပုံ – AA Info Desk

ရွှေဖီမြေ၊ သြဂုတ် ၂ ရက်၊ သံတွဲ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ရွှေလှရွာထဲ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေး ၂ ဦးအပါအဝင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဆိုင်ခန်း၊ ကားနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – AA Info Desk

စစ်တပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်က နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုတွေလည်း ဆက်တိုက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာလည်း သံတွဲမြို့ပေါ် ရပ်ကွက်နဲ့ ရေကောက်ရွာမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်နေတာကိုကြည့်ရင် ၎င်းတို့ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေမှုဟာ အပြောနဲ့အလုပ် လက်တွေ့မကျဘူးဆိုတာ သက်သေပြနေတယ်လို့ AA က ပြောဆိုထားပါတယ်။

ဓာတ်ပုံ – AA Info Desk

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။