ရွှေဖီမြေ၊ ဇူလိုင် ၁၀ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ပေါ်ကျေးရွာတွေမှာ ထုတ်လုပ်တဲ့ လက်ဖက်စိုတစ်ပိဿာကို အမြင့်ဆုံး ၅၆၀၀ ကျပ်အထိရနေပြီး အရင်နှစ် ၃၀၀၀ ကျပ်ကျော် ဈေးနှုန်းထက် ၂ ဆနီးပါးလို့ မြင့်တက်လာတယ်လို့ လက်ဖက်လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။
“အရင်နှစ်ထက်သာတာပေါ့။ ကျနော်တို့ ဒီလိုပဲတွက်ကြတာ။ အရင်နှစ်က လက်ဖက်စို ပိဿာ တစ်ရာကို ဆန် ၂ ပိုင်းကျော်ကျော်ပဲရတာ။ ဒီနှစ်ကျတော့ ၃ ပိုင်း ၄ ပိုင်းလောက်ရတယ်”
အခုလို မိုးရာသီအချိန်မှာခူးတဲ့ ခါးကန်လက်ဖက်စိုတွေကို တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ ပန်ကွမ်၊ ပန်သပြေ၊ ပန်ဖျက်၊ ဟူးကွက် စတဲ့ ကျေးရွာတွေ ကျောက်မဲမြို့ထဲရှိ လက်ဖက်ရုံတွေမှာ သွားရောက်သွင်းကြရတာဖြစ်ပါတယ်။
လက်ဖက်ဈေးနှုန်းအခုလို မြင့်တက်လာပေမဲ့ မိုင်းလုံ – ကျောက်မဲလမ်းပေါ်မှာ စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆက်ကြေးကောက်ခံမှုတွေကြောင့် တောင်ပေါ်ဒေသခံတွေအတွက် အခက်အခဲတစ်ခု ဖြစ်နေဆဲဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။