ပို့လဘား၊ မေလ ၁၉ ရက်၊ မူဆယ်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ KTV ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မြို့ ဆင်ဖြူပေါက်အနီးမှာရှိတဲ့ နဂါးနှစ်ကောင် KTV ဆိုင်တစ်ခုမှာ ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၈ နာရီခွဲကျော်ကတည်းက စလောင်တာထင်တယ်။ အခုချိန်ထိ မီးငြိမ်းနေတုန်းပဲ။ ဘယ်ကနေ စလောင်တာလဲတော့ မသိရသေးဘူး။ မီးဖိုထဲက ဂတ်အိုး ပေါက်ပြီး လောင်တယ်လို့လည်း ပြောကြတယ်။ အခန်းထဲမှာ လူတွေလည်းရှိတယ်”
မီးလောင်မှု ဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့က လာရောက် ငြိမ်းသတ်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအတွင်း ရွှေဖီမြေ ပြုစုထားတဲ့စာရင်းအရ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ စတဲ့မြို့တွေမှာ မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တစ်ခုနဲ့ နေအိမ် ၈ လုံးလည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။