ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဓာတ်ပုံ- Google (ပုံဟောင်း)

ယာရူစိင်၊ ဇွန်လ ၈ ရက်၊ နမ္မတူ

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ နမ့်မြီးချောင်းဘက် ငါးမိုင်း ခွဲဖို့ သွားရာကနေ ကြိုးမိုင်း နင်းမိလို့ အသက် ၃၀ နှစ်အရွယ် မောင်အိုက်ကျန်ဆိုသူ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

နီးစပ်သူတစ်ဦးက “သူတို့ ၂ ယောက်သွားတာ။ အဲဒီချောင်းဘေးမှာက တောသစ်သီး ခူးပေးဖို့ အိုက်ကျန်က သူ့သူငယ်ချင်းကို တက်ခူးခိုင်းတာ။ အိုက်ကျန်က သစ်ပင်အောက်နားလေးမှာ ကြိုးတစ်ကြိုး နင်းမိတော့ အဲမိုင်းက ပေါက်သွားတာ။ သူ့ရင်ဘတ်တစ်ခုလုံး ထိသွားတာနဲ့ ရေချောင်းဘေးမှာ သေပြီး ကျသွားတာ။ သူ့သူငယ်ချင်းကျ အပင်ပေါ်မှာဆိုတော့ ဘာမှမဖြစ်ဘူး။ အဲဒီနမ့်မြီးချောင်းအနီးမှာပဲ သူ့ကို သင်္ဂြိုလ်လိုက်ပြီ” လို့ ပြောပါတယ်။

သေဆုံးတဲ့ မောင်အိုက်ကျန်ဟာ တရုတ်ဘက်ကနေ ပန်လုံကျေးရွာ ရပ်ကွက်(၂)မှာ ပြောင်းရွှေ့နေထိုင်သူ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၈ ရက်အထိ ၅ လကျော်အတွင်း ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ကလေးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။