ဓာတ်ပုံ – CJ

မိုင်းရူပ၊ မေလ ၃၁ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မှာ စာသင်ကျောင်းပိုင်မြေဆိုပြီး တိုက်ခန်းတွေအပါအဝင် နေအိမ် ၁၅ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဘက်က ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးနေတယ်လို့ လားရှိုးမြို့ခံတွေဆီကနေ စုံစမ်းသိရပါတယ်။

ဖျက်ဆီးခံရတဲ့ နေအိမ်တွေဟာ လားရှိုးမြို့ ရပ်ကွက် (၅)၊ နယ်မြေ (၁၉) မှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းပိုင် နယ်မြေဖြစ်တယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က ဒီနေ့ မေလ ၃၁ ရက်မှာ ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးနေတာလို့ ဆိုပါတယ်။

ဖျက်ဆီးခံရတဲ့ နေအိမ်တွေအထဲမှာ သိန်းထောင်ချီတန်တဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဒီဘက်ခြမ်းဆို အနည်းဆုံး ၁၅ အိမ်လောက်ရှိတယ်။ အမက (၅) ကျောင်းပိုင်အိမ်ဆိုပြီး ဖျက်တာ။ ဖျက်ခံရတဲ့အထဲမှာ RC တိုက်တွေရော ပါတယ်။ မြင်ရတာ စိတ်မကောင်းဘူး” လို့ ဆိုပါတယ်။

ကျောင်းပိုင်မြေဆိုပြီး စစ်ကောင်စီ ဖြိုချဖျက်ဆီးနေတဲ့ နေအိမ်တွေဟာ လူထုတွေ နေထိုင်တာ လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်က စစ်တပ်နဲ့ အမက (၅) က လူထုတွေကို ရောင်းချခဲ့တဲ့ မြေနေရာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ ရပ်ကွက် (၉)၊ နယ်မြေ (၁) မှာလည်း နေအိမ် ၉ အိမ်ကို စစ်ကောင်စီက တပ်ပိုင်မြေဆိုပြီး ဘူဒိုဇာတွေနဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။