ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ မေလ ၂၂ ရက်၊ နမ့်ဆန်

တအာင်းဒေသက လက်ဖက်တန်ဖိုး မြှင့်တင်နိုင်ဖို့ဆိုပြီး နိုင်ငံတကာ လက်ဖက်နေ့ကို တအာင်းဒေသ နမ့်ဆန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါတယ်။

နိုင်ငံတကာ လက်ဖက်နေ့ကို ကျင်းပတာဟာ တအာင်းဒေသရဲ့ အဓိက ဒေသထွက်ဖြစ်တဲ့ လက်ဖက်ရဲ့တန်ဖိုးနဲ့ ဈေးကွက်အလားအလာကို ပိုမိုဖော်ထုတ်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကြောင်း တအာင်းတပ်မတော်က မနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နမ့်ဆန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လက်ဖက်နေ့မှာ လက်ဖက်စို၊ ဒယ်အိုးလှော်လှန်းနဲ့ Green Tea စတဲ့လက်ဖက်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ လက်ဖက်နေ့ကို မေလ ၂၁ ရက်မှာ ကျင်းပလေ့ရှိပြီး လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူတွေရဲ့ အခန်းကဏ္ဍ၊ လက်ဖက်လုပ်ငန်းရဲ့ စီးပွားရေး အရေးပါမှုနဲ့ လက်ဖက်ယဉ်ကျေးမှုကို ပိုမိုအသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လက်ဖက်နေ့ အခမ်းအနားကို တအာင်းပြည်ကောင်စီ- TLC ရဲ့ ဒုဥက္ကဋ္ဌ(၁) ဒီဒီမိုးခမ်း၊ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း နာယက ဦးအောင်ကြီး၊ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းအပါအဝင် လက်ဖက်လုပ်ငန်းရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

တအာင်းဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ရှိ တအာင်းလူထုတွေဟာ လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြတာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။