ရွှေဖီမြေ၊ မေလ ၂၂ ရက်၊ လောက်ကိုင်
တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခြင်းဟာ ချစ်ကြည်ရေးကို လက်တွေ့အသုံးချတာဖြစ်ပြီး တရုတ်နဲ့ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လို့ MNDAA ရဲ့ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Mr.Jin Xin က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ ပြုလုပ်တဲ့ နွေဦးရာသီ မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး လုပ်ငန်းသုံးသပ်ချက် အစည်းအဝေးမှာ MNDAA ခေါင်းဆောင်တစ်ဦးက အခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာ-တရုတ် ယဉ်ကျေးမှု ဖလှယ်ခြင်းဟာ ချစ်ကြည်ရေးကို လက်တွေ့ကျင့်သုံးခြင်းဖြစ်ပြီး အထူးဒေသရဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ယဉ်ကျေးမှုနဲ့ ချိတ်ဆက်ကာ အထောက်အကူ ပြုစေတယ်လို့ ဆိုပါတယ်။
မြန်မာ-တရုတ် ယဉ်ကျေးမှု ဖလှယ်ခြင်းကို MNDAA ရဲ့ နိုင်ငံရေးဌာန ညွှန်ကြားရေးမှူးချုပ်အပြင် အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီရဲ့ ဒုဥက္ကဋ္ဌ Mr.Li Lao Bao နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
MNDAA ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစလို့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ထားကာ ရှမ်းမြောက်ရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ တာမိုးညဲ၊ ပန်ဆိုင်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီနဲ့ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။