ခိုင်လေး၊ ဇန်နဝါရီ ၂၅ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ကျောက်မဲရှိ ဆေးရုံကို ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မြေပြင်ရှိ သတင်းအရင်းအမြစ်က “ပေါင် ၂၀၀၊ ၂၅၀ နဲ့ ကြဲသွားတာထင်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ လူတွေ ပြာယာခတ်နေလို့။ ဆေးရုံအဆောက်အအုံတည့်တည့် တစ်လုံးထိတယ်။ တစ်လုံးက ဆေးရုံရှေ့က ကွင်းပြင်မှာ ကျတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီး စစ်တပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်မယ်လို့ PSLF/TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ ထုတ်ပြန်ပြီး တစ်ရက်အကြာမှာဘဲ ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂ဝ၂၄ ဩဂုတ် ၅ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။