ရွှေဖီမြေ၊ မတ်လ ၂၉ ရက်
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး၊ လုပ်ငန်းခွင်နယ်ပယ်တွေအတွက် လူငယ်တွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အင်္ဂလိပ်စာဒီပလိုမာ – Diploma in English အစီအစဉ်ကို တအာင်းဒေသမှာ စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
ဒီကျောင်းကို PSLF/TNLA မှာ တာဝန်ထမ်းဆောင်နေတဲ့သူနဲ့ ထိန်းချုပ်ဒေသအတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေအပြင် အနယ်နယ်အရပ်ရပ်မှာ နေထိုင်ကြတဲ့ တအာင်းလူငယ်တွေ တက်ရောက်နိုင်မှာဖြစ်ပြီး ကျောင်းကာလကတော့ ၁၈ လ ကြာမြင့်မှာဖြစ်ကာ ကျောင်းပြီးသွားရင် ဒီပလိုမာဘွဲ့ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကျောင်းမှာ လူငယ်တွေအနေနဲ့ အဆင့်မြင့်ပညာရေး၊ နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကို ထိထိရောက်ရောက် ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်နဲ့ ပညာရေးဆိုင်ရာအခြေခံကောင်းတွေကို လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
ကျောင်းသူ/ကျောင်းသား ၄၀ ဦးတိတိလက်ခံသင်ကြားပေးသွားမှာဖြစ်ကာ ကျောင်းတက်ခွင့်
လျှောက်ဖို့ Ta’angland English Center( https://www.facebook.com/share/18S7zDQZqW/?mibextid=wwXIfr )ဖေ့စ်ဘုတ်စာမျက်နှာမှာ လျှောက်လွှာရယူနိုင်ပြီး လာမယ့် ဧပြီ ၁၀ ရက်မှာ လျှောက်လွှာ ပိတ်မယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။