ရွှေဖီမြေ၊ မတ်လ ၂၉ ရက်

‎ရှမ်းမြောက် တန့်ယန်းမြို့နယ်က ကလေးငယ်တစ်ဦးဟာ နာတာရှည် အဖျားကြီးရောဂါဖြစ်နေပေမဲ့ ဆေးဝါးကုသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဒေသရိုးရာကုထုံးနဲ့သာ ကုနေပေမဲ့ မသက်သာတဲ့အပြင် ရောဂါပိုဆိုးရွားလာတာကြောင့် အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေတဲ့ အမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။

‎တန့်ယန်းမြို့နယ် မန်ကောင်းမှုအုပ်စု နောင်ချိုကျေးရွာနေ အသက် ၃ နှစ်ကျော်အရွယ် လွေးထွေးဟာ အဖျားကြီးရောဂါကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရပေမဲ့ မိသားစုတွေက အလွန်ဆင်းရဲတာကြောင့် ဆေးကုသမှုတွေ မလုပ်နိုင်ခဲ့ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“သူတို့က တအားဆင်းရဲတာ။ စားစရာလည်းမရှိ နေစရာလည်းမရှိကြဘူး။ အဲကလေးက အဲလိုဖျားနေတာတောင် ဆေးမကုနိုင်ဘူးတဲ့။ တစ်ရက်ကို ၇ ခါလောက် အဖျားကတက်လာရင် သေမလိုဘဲ။ ရွာက ဗေဒင် ဆရာတွေနဲ့ဘဲကုတာ။ ဆေးရွက်တွေဘာတွေဘဲ သောက်ကြတာ” လို့ ပြောပါတယ်။

‎၎င်းမိသားစုဟာ တအာင်းလူမျိုးတွေဖြစ်ပြီး နေအိမ်လည်း မီးလောင်ထားတာကြောင့် ရွာထဲက ဆွေမျိုးတွေရဲ့နေအိမ်မှာသာ နေထိုင်ကြရပြီးတော့ စားသောက်ဖို့အတွက်လည်း ရွာခံတွေကသာ ပေးထားနေကြရကြောင်း သူကဆိုပါတယ်။

‎အလားတူ တန့်ယန်းနဲ့မိုင်းယော်စတဲ့မြို့နယ်က မြို့နဲ့အလှန်းဝေးတဲ့ တောင်ပေါ်ဒေသခံတွေဟာ အသိပညာ ဗဟုသုတနည်းပါးလွန်းတာကြောင့်နဲ့ ငွေကြေးမတတ်နိုင်တာကြောင့် ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်ပါက ဆေးရုံဆေးခန်းသို့ မသွားကြဘဲ ဗေဒင်ပညာကိုသာ အားကိုးယုံကြည်ပြီး ဒေသတွင်းကုသနည်းနဲ့သာ ကုသကြကြောင်း ကူညီပေးသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလွန်းတာကြောင့် ဒေသခံအများစုက အနာကြီးရောဂါနဲ့ ရေကျောက်ရောဂါတွေကို ခံစားနေကြရတာကို တွေ့နေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။