ပုံစာ- ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းက လားရှိုးမြို့ထဲ လူထုတွေ ဆန္ဒပြစဉ် တွေ့ရတဲ့ ရဲတပ်ဖွဲ့

ရွှေဖီမြေ၊ မတ်လ ၂၅ ရက်၊ လားရှိုး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ KTV တွေမှာ ရဲတပ်သားတစ်ဦးက မူးယစ်ဆေးဝါးတွေ လိုက်ရောင်းနေကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မတ်လ ၂၂ ရက်အထိ လားရှိုးမြို့ရှိ KTV ဆိုင်ကြီးတွေမှာ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား နန်းဇွန်ပွင့်စံခေါ် နေနေဆိုသူက လိုက်ရောင်းနေတာပဲ ဖြစ်ပါတယ်။

‎လားရှိုးမြို့ခံ အမျိုးသားက “သူက ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းထဲနေပြီး ညရောက်ရင် Happy water, K နဲ့ E တို့ကို ဆိုင်ကြီးတွေမှာ လိုက်ဖြန့်တာ” လို့ ပြောပါတယ်။

‎၎င်းတပ်သားနဲ့အတူ ရဲမှူးကပါ ပါဝင်ပတ်သက်နေကြောင်း အထက်ပါ အမျိုးသားက ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

‎အလားတူ လားရှိုးမြို့ရှိ KTV နဲ့ Bar တွေမှာ မူးယစ်ဆေးဝါးအစုံ အလွယ်တကူ ရနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎စစ်‌ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ လောင်းကစားဝိုင်း ပိုများလာသလို မူးယစ်ဆေးဝါးလည်း အလွယ်တကူ ဝယ်ယူလို့ ရနေတာကြောင့် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှု မကြာခဏ ဖြစ်ပွားနေပြီး ပိုင်ရှင်မဲ့အလောင်းလည်း မကြာခဏ တွေ့နေရကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။