မတ်လ ၁၆၊ ၁၀၅မိုင်
ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊တအာင်းတပ်(TNLA)နဲ့ကိုးကန့်တပ်(MNDAA)တို့ ပူးပေါင်းတိုက်ယူထားပြီး အုပ်ချုပ်ထားတဲ့နေရာအားလုံးက တအာင်းတပ်အလံကို ကိုးကန့်တပ်က ဖြုတ်ယူသွားပြီး လူရာနဲ့ချီကိုလည်း ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရပါတယ်။
မနေ့ မတ်လ ၁၅ရက်နဲ့ပြီးခဲ့တဲ့ ၁၄ရက် ၂ရက်လုံးမှာ ကိုးကန့်တပ်က အင်အားအလုံးအရင်းနဲ့ ကျင်စန်းကျော့၊၁၀၅မိုင်၊နမ့်ပေါ်တံတားဂိတ်အပါအဝင် နေရာအများစုက တအာင်းအလံကို ဖြုတ်ချပြီး လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
“ဒီကောင်တွေဘာဖြစ်နေမှန်းကို မသိတော့ဘူး။ သူတို့အဲလိုလုပ်ချိန် AAလည်း ဘာမှမပြောနိုင်ဘူးလေ။ အလံတွေရော အကုန်ဖြုတ်သွားပီ။ တအာင်းတပ်နဲ့ဆိုင်တဲ့လူတွေလည်း အကုန်ဖမ်းသွားတယ်”လို့ ဆိုပါတယ်။
ကိုးကန့်တပ်ဟာ ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တအာင်းတပ်အကုန်လုံးကို ဖယ်ရှားခဲ့ပြီး လမ်းတစ်လျှောက်က တအာင်းရွာထဲကိုလည်း ဝင်ရောက်ပြီး တအာင်းတပ်နဲ့မဆက်သွယ်ဖို့ ခေါ်ယူသတိပေးနေတာတွေလည်း ရှိနေပါတယ်။
လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေဟာ ငြိမ်သက်သွားမယ့် အရိပ်အယောင်မတွေ့ရသေးဘဲ ကိုးကန့်တပ်က ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။