ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ ၁၀၅ မိုင်

ဒီနေ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ရှိ တအာင်းတပ်ရဲ့ အကောက်ခွန်ဌာနနဲ့လုံခြုံရေးအဖွဲ့အများစုကို ဖမ်းဆီးသွားပြီးနောက် ၁၀၅ မိုင်ရှိ တအာင်းတပ်ရဲ့ အုပ်ချုပ်ရေးနဲ့လုံခြုံရေးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ရွှေဖီမြေကို ပြောပါတယ်။

တအာင်းတပ်ကတော့ ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကိုးကန့်တပ်က ကျင်စန်းကျော့ဂိတ်ရှိ တအာင်းတပ်သား ၄၇ ယောက်နဲ့ သေနတ် ၄၇ လက်ကို ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပြီး ၁၀၅ မိုင်အခြေအနေကတော့ ရေးသားထားခြင်း မရှိပါဘူး။

“ဖမ်းသွားတဲ့ အရေအတွက်ကတော့ မသိရသေးဘူး။ ရဲရော အုပ်ချုပ်ရေးရော အကုန်ပါတယ်။ ကိုးကန့်က ရှိသမျှလမ်းတွေ အကုန်လုံးပိတ်ပြီး ရုတ်တရက် အကုန်ဝင်ဖမ်းသွားတာ။ ဘာမှမသိလိုက်ဘူး။ အချို့ကတော့ ပြေးနေကြတယ်။ ဖမ်းခံရတဲ့လူတွေလည်း ဖုန်း အကုန်သိမ်းသွားတော့ အဆက်အသွယ် မရဘူး” လို့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။

လက်ရှိ ကိုးကန့်တပ်ဟာ ကျင်စန်းကျော့အနီးမှာလည်း ကားတွေနဲ့ အင်အားရာချီ စုဝေးနေပြီး ဘယ်ဘက်သွားမလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့ညပိုင်းအထိ ကွတ်ခိုင်မြို့ထဲမှာလည်း ပစ်ခတ်သံတွေ ကြားနေရပြီး အခြေအနေ အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိ ပဋိပက္ခနဲ့ပတ်သက်ပြီး တအာင်းတပ်ဘက်က ပစ်ခတ်လို့ တုန့်ပြန်ရတာဖြစ်တယ်လို့ ကိုးကန့်တပ်ဘက်က ပြောဆိုထားပြီး တအာင်းတပ်ကတော့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ အဖြေရှာသွားမယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။