ဓာတ်ပုံ – CJ

နော်ဂျား၊ ဇန်နဝါရီ ၂၁ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်လီလက်ကားရနိုင်မယ့် မူးယစ်ဆေးဝါးဆိုင် (၂၃) ဆိုင် ဖွင့်လှစ်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်မြို့ပေါ်က ရပ်ကွက် ၉ ခုမှာ လိုင်းကြေးပေးကာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ရာမ၊ ice, K, HappyWater နဲ့ ဆေးခြောက် အစရှိတဲ့ မူးယစ်ဆေးဝါးအမျိုးမျိုးကို ရောင်းချမှာ ဖြစ်ပါတယ်။

ဂိမ်းရုံပိုင်ရှင်တွေ၊ ပြည်သူ့စစ်တွေနဲ့ တရုတ်လူမျိုးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်မှာ ရောင်းချခွင့် တောင်းဆိုလာတာကြောင့် စခန်းမှူး ဒုရဲမှူး နေယုဆန်းနဲ့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ရဲနောင်တို့ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်မှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး ဂိမ်းရုံ၊ ပြည့်တန်ဆာ၊ အနှိပ်ခန်းတို့မှာ တွဲဖက် ရောင်းချသွားမှာဖြစ်ကြောင်း ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

“(ဒန)ကိုအောင်ကျော်ဦးက ခွင့်မပြုဖို့ပြောတယ်။ CID, SB, နယ်ထိန်း, ရဲကင်းမှူးတွေနဲ့ စခန်းမှူးက လုပ်ချင်တယ်။ အဲမှာ နယ်ထိန်းခေါင်းဆောင်ရဲနောင်က ခင်ဗျားတို့ ကျနော်တို့ ဒီနေရာမှာ မြဲမယ်ထင်လို့လား ကျနော်တို့လက်ထဲ အာဏာရှိနေတဲ့အချိန်မှာ ငွေရှာရမှာလို့ ပြောတယ်။ နောက်ဆုံးတော့ ဖွင့်ဖြစ်သွားတယ်။ အထူးမူးယစ်ကို သီးသန့်ပေးရမယ်တဲ့။ အခု(၂၃)ဆိုင်ကို တစ်လသိန်း(၅၀)ကောက်မယ်။ ရာထူးကြီးငယ် ခွဲစားမယ်လို့ ရဲနောင်က ပြောတယ်။ ရဲနောင်လုပ်နေတာ သူက ဆရာကြီး” ဆိုပြီး အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖော်ပြပါ မူးယစ်ဆေးဝါး လက်လီအရောင်းဆိုင် ဖွင့်လှစ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရဲချုပ်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးကို တင်ပြသွားမှာဖြစ်ကြောင်းကိုလည်း စခန်းမှူးက အဆိုပါ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။