လွေးထွေး၊ ဇန်နဝါရီ ၁၄ ရက်၊ မူဆယ်

‎ရှမ်းမြောက် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဆိုင်ကယ်စီးတဲ့ အမျိုးသားတစ်ဦးက ဆိုင်ကယ်လုခံရတဲ့အပြင် ရိုက်နှက်ခံခဲ့ရတယ်လို့ ဒေသခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ မူဆယ်မြို့ ဟိုနားရပ်ကွက်မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦးက ဦးခေါင်းနဲ့ လက်မောင်းကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားတာ ဖြစ်ပါတယ်။

‎မူဆယ်မြို့ရှိ အမျိုးသားတစ်ဦးက “လက်ရော၊ လည်ပင်းရော၊ ခေါင်းရော အကုန်အရိုက်ခံရတယ်။ မနက်အစောကြီးဆိုတော့ ဘယ်သူမှလည်း သိပ်မရှိတော့ ကူတဲ့သူလည်း မရှိဘူး” လို့ ပြောပါတယ်။

‎၎င်းရိုက်နှက်ခံရသူ မိသားစုဝင်တွေက သက်ဆိုင်ရာကို တိုင်ကြားထားပေမဲ့ သက်ဆိုင်ရာက တာဝန်ယူလုပ်ဆောင်တာ မရှိသေးဘူးလို့ သိရပါတယ်။

‎အလားတူ ဇန်နဝါရီ ၁၀ ရက်ကလည်း မူဆယ်မြို့ပေါ်က Nut Garden အနီးမှာ ကားတစ်စီး အခိုးခံခဲ့ရကြောင်း ဒေသခံတွေက ဆိုပါတယ်။

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်တွေ များတဲ့အပြင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးလည်း အလွယ်တကူရနေတာကြောင့် မကြာခဏ ခိုးမှု၊ လုယက်မှုတွေ ရှိ‌နေပြီး သက်ဆိုင်ရာက တာဝန်ယူလုပ်ဆောင်ပေးတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။