ဓာတ်ပုံ – CJ

‎လွေးထွေး၊ ဒီဇင်ဘာ ၁၇ ရက်၊ မိုင်းယော်

‎ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။

‎ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့ သူ့ကလေးကို ခုတ်မလို့‌တဲ့။ သူ့ကလေးက ရွာပြန်လာပြောပြတာ။ သွားကြည့်တော့ သူ့မိန်းမပြောတာက သူပါ မီးထဲခုန်ချလိုက်တာတဲ့” လို့ ပြောပါတယ်။

‎၎င်းအမျိုးသမီးဟာ လက်မောင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ခုတ်ခံခဲ့ရပြီး သမီးဖြစ်သူကိုပါ ခုတ်ဖို့လုပ်ပေမဲ့ သမီးဖြစ်သူက ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

‎ဓားခုတ်သူအမျိုးသားကလည်း ခုတ်ပြီးချိန် မီးတောက်အောင်မွှေးပြီး သူကိုယ်တိုင် ခုန်ချလိုက်လို့သေဆုံးသွားခဲ့သလို ခုတ်ခံရသူ အမျိုးသမီးက ဆေးကုသမှာခံယူနေရလျက်ရှိနေပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိခိုက် သေဆုံးမှုရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေဗုံးအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သီပေါမြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။