ဓာတ်ပုံ – Local

‎လွေးထွေး၊ ဒီဇင်ဘာ ၁၇ ရက်၊ ပြင်ဦးလွင်

စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ဆ အထိ ပိုပေးနေရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မီတာသုံးစွဲတဲ့အိမ်နဲ့ ဆိုင်တွေ မတူတာကြောင့် တချို့ဆိုင်တွေမှာ ပုံမှန်ထက် ၄ဆကျော်အထိ ပေးဆောင်ခဲ့ရကြောင်း ရကပ်ကွက် ၁၂ နေအမျိုးသမီးက ဆိုပါတယ်။

‎”ကျမတို့ဆိုင်ဆို မီးလည်းပုံမှန်မလာ။ လာတော့လည်း မီးအားမနိုင်။ လဝက်ကစပြီး ဆိုလာပြန်သုံးတာတောင် ၄ဆ လောက်တက်သွားတာ။ ဒီလိုပုံမှန်ဘဲဖြစ်လာမယ်ဆို ကျမတို့မသုံးနိုင်တော့ဘူး “

‎ပုံမှန်မီတာခကို ၈ သောင်းသာ ဆောင်ခဲ့ရပြီး စားသောက်ဆိုင်ဖွင့်ထားတာကြောင့် မီးအဆင်ပြေအောင်သုံးနိုင်ဖို့ ဆိုလာမီးအပြင် ဂတ်(စ်) ကိုသာအသုံးပြုနေရပေမဲ့ နိုဝင်ဘာလ မီတာခကို ၃ သိန်းကျော် ဆောင်ခဲ့ရကြောင်း သူမကဆိုပါတယ်။

‎၂၀၂၅ ခုနှစ် လအစကတည်းက ပြင်ဦးလွင်ရှိ ရပ်ကွက်တိုင်းက ပုံမှန်အိမ်သုံး မီတာခ ၂ သောင်း ဝန်းကျင်သာပေးခဲ့ရပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် မီတာခဟာ ၆ သောင်းကျော်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။

‎ရပ်ကွက်ကြီး ၇ နေ အမျိုးသမီးက “အရင်ကတခါမှမကြုံဖူးဘူး။ နိုဝင်ဘာလက လန့်တောင်လန့်ရတယ်။ ရုံးကိုမေးကြည့်တော့ အဲလောက်ပါဘဲတဲ့။ သူများတွေပြောကြတာက ကောက်တဲ့ဝန်ထမ်းတွေမတူလို့တဲ့။ တချို့ကလုပ်စားတာ။ တချို့က မဖတ်တတ်တာတဲ့” လို့ ပြောပါတယ်။

‎ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ မီတာခအပြင် တခြား အခွန်တွေကိုလည်း ဌာနဆိုင်ရာတွေကို ပိုပေးနေရကြောင်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။