ဓာတ်ပုံ – အင်တာနက်

‎လွေးထွေး၊ ဒီဇင်ဘာ ၁၂ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲ ဝင်လာတဲ့ လူထုတချို့ကို စစ်ကောင်စီတပ်က ပြင်ဦးလွင်နဲ့ မန္တလေးကြားက ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင်‌ ထားခိုင်းပြီး မထားရင် ငွေကျပ် ၃ သောင်း ပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီဇင်ဘာ ပထမအပတ်ကတည်းကနေ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်အထိ ပြင်ဦးလွင်မြို့က ပန်းပွဲတော်ကို အလည်အပတ်လာသူ များပြားပြီး လာရောက်လည်ပတ်သူတွေကို စစ်ကောင်စီတပ်က ၎င်းတို့ရဲ့ ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင်ထားခဲ့ဖို့ပြောတာနဲ့ ငွေတောင်းတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‎ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးက “ကျမနဲ့သူငယ်ချင်းက ပန်းပွဲတော်လာလည်တာ။ အဲဂိတ်က စစ်သားက မှတ်ပုံတင်ထားခဲ့ရမယ်တဲ့။ အရှေ့မှာ မှတ်ပုံတင်စစ်လို့ ပြစရာမရှိရင်ရော ဘယ်လိုလုပ်မလဲလို့။ နေ့ချင်းပြန်ဘဲလာတာ မပေးလို့ရော ရလားလို့။ မပေးရင် ၃ သောင်းတဲ့။ ပိုက်ဆံမပေးရင် နေခဲ့တဲ့။ အဲလို အော်ပြောတာ” လို့ ပြောပါတယ်။

‎မှတ်ပုံတင်ပေးချိန်မှာ လာတဲ့မြိုနဲ့ မျဉ်းစောင်းတွေပါ မေးမြန်းပြီး ၁၃ မျဉ်းစောင်း၊ ၅ မျဉ်းစောင်းနဲ့ ၉ မျဉ်းစောင်းဆိုရင် ငွေပိုတောင်းပြီး အစစ်အဆေးပိုကြာတာကိုလည်း တွေ့ခဲ့ရကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

‎ဒါ့အပြင် မိုးကုတ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကိုလည်း ဇီးပင်ကြီးမှာ ပေးမဖြတ်ဘဲ ပြန်လှည့်ခဲ့ရကြောင်း နောက်ထပ် မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

‎‎”၁၆ မိုင်ဂိတ်ဆိုလား အဲမှာတော့ ၁ သောင်း ပေးလိုက်တော့ လွှတ်ပေးတယ်။အဲဒီ ဇီးပင်ကြီးဂိတ်လား မိုးကုတ်မှတ်ပုံတင်မို့ မန္တလေးနေထိုင်ကြောင်း ထောက်ခံစာမပါလို့တဲ့ လုံးဝ အဝင်မခံဘူး။ ပြန်လာခဲ့လိုက်ရတယ်” လို့ ပြောပါတယ်။

‎အခုလို ဖြစ်စဉ်ဟာ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်လာကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်အထိ မြို့အဝင်အထွက် တင်းကြပ်စစ်ဆေးမှုတွေ ရှိနေပေမဲ့ မေမြို့ပန်းပွဲတော်ကို အလည်အပတ်လာသူတွေလည်း များနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။