ဓာတ်ပုံ- Local‎

‎လွေးထွေး၊ နိုဝင်ဘာ ၉ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေတဲ့ စစ်ရှောင်တွေ နေ‌ထိုင်တဲ့အိမ်တချို့ကို စစ်ကောင်စီတပ်က နေအိမ်အထိ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎နိုဝင်ဘာ ပထမအပတ်ကစပြီး နေရပ်မပြန်နိုင်သေးတဲ့ နမ့်ဆန်၊ နမ္မတူနဲ့ မန်တုံက စစ်ရှောင်တွေ နေထိုင်တဲ့ ပြင်ဦးလွင်မြို့က ရပ်ကွက်ကြီး ၇၊ ၁၂၊ ၁၇ ရပ်ကွက်မှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေ လိုက်လံ စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

‎ကိုယ်တိုင်ကြုံခဲ့ရသူ နမ္မတူမြို့မှ အမျိုးသမီးတစ်ဦးက “အမျိုးအိမ် သွားနေတာ။ ဧည့်သည်ဆိုရင် အုပ်ကြီးဆီကို ဧည့်စာရင်း တိုင်ရမယ်ဆိုလို့ သွားတိုင်ပြီးပြီ။ ပြန်ခါနီးလောက်မှ စစ်သားတွေက မှတ်ပုံတင်ရော အိမ်ထောင်စုရော ပေးခိုင်းတာ။ တခြားဟာတွေလည်း မေးတယ်” လို့ ပြောပါတယ်။

‎ဒါ့အပြင် တချို့နေအိမ်မှာလည်း ပစ္စည်းတွေ မွှေနှောက်စစ်ဆေးခဲ့သလို နိုင်ငံရေး၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း ဝန်ခံလက်မှတ်လည်း ထိုးခိုင်းခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

‎ရပ်ကွက်ကြီး ၁၂ မှာ‌နေတဲ့ နမ့်ဆန်မြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေကို မှတ်ပုံတင်နံပါတ်နဲ့ နာမည်စာရင်း ပေးခဲ့ရပြီး မဲစာရင်းအတွက်ဖြစ်ကြောင်း ပြောဆိုကြပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

‎အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပြင်ဦးလွင်ဘက် ရောက်နေတဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့က စစ်ရှောင်တွေရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ကောင်စီက ကောက်ယူပြီး စစ်ဆေးမေးမြန်းတာတွေလည်း လုပ်ခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။