နိုဝင်ဘာ ၄ရက်၊ နမ္မတူ
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ ဒီနေ့ နိုဝင်ဘာ ၄ရက်နေ့ မနက်အစောပိုင်းကစတင်ပြီး ရပ်ကွက်အချို့ထဲ ရေကြီးရေလျှံဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ရက်နေ့ကနေစတင်ပြီး ဒီနေ့ နိုဝင်ဘာ ၄ရက်နေ့အထိ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်ထဲ ရေကြီးနေတာ ဖြစ်ပါတယ်။
“မနေ့ညက စပြီးတော့ ရေကြီးနေတာ။ အိမ်ဘယ်နှစ်လုံးပါတယ်ဆိုတာတော့ မသိသေးဘူး။ ရေတော့ မကျသေးဘူး”လို့ ဆိုပါတယ်။
ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
နမ္မတူမြို့မှာ ၃နှစ်တစ်ခါ ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။