ဓာတ်ပုံ- Facebook

ယာရူစိင်း၊ ဇန်နဝါရီ ၁၃ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီး ၄ ရက်အကြာမှာတော့ သေဆုံးနေတဲ့ အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

အသက် ၂၀ ကျော်အရွယ် နန်းချစ်စုအောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာတော့ မူဆယ်မြို့ Win စီးကရက်စက်ရုံ အနောက်ဘက်မှာ အလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အပြင်သွားရင်း ဆိုင်ကယ်နဲ့ဖုန်း ပါသွားတဲ့အတွက် ဓားပြ တိုက်ခံရပြီး သေဆုံးခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သမီးရည်းစားကြောင့် မဟုတ်ပါဘူးနော်။ သူ့မှာ အမျိုးသား ရှိတယ်လို့ ကြားထားတယ်။ သူအပြင်သွားရင်းနဲ့ ဓားပြ တိုက်ခံရတာ ဖုန်းနဲ့ဆိုင်ကယ် ပါသွားတယ်။ အဲဓားပြတွေက သူ့အလောင်းကို ဖျောက်ထားတာ လူမလာတဲ့နားမှာ ထားခဲ့တာပေါ့။ ဖြစ်စဉ် အတိအကျကိုတော့ ကျမကိုယ်တိုင်ကလည်း မမြင်ရတဲ့အတွက် အများကြီး မပြောလိုပါဘူး”

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးကလည်း “မနေ့ ၁၂ ရက်နေ့မှာ ရက်လည် လုပ်တယ်။ သူများပြောသလို တခြား ယောကျာ်းလေးကိစ္စ အရှုပ်အရှင်းကြောင့် မဟုတ်ပါဘူးနော်။ ကောင်မလေးက အပြင်သွားရင်း ပျောက်သွားတာပါ” ဆိုပြီး ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။