ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၂၃ ရက်၊ သီပေါ

သီပေါတံတား ပိတ်ထားတာကြောင့် ရှမ်းမြောက် သီပေါမြို့နယ် တာလုံရွာအနီးရှိ တာလုံချောင်းမှာ လှေနဲ့ ဇက်ကူးပြီး ချောင်းထဲ မျှောပါပျောက်ဆုံးနေသူ ၅ ဦးထဲက အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ ပြန်ရှာတွေ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းမှာ လှေလှော်တဲ့ အမျိုးသား ၂ ဦးနဲ့ ကားတစ်စီးပေါ်က လူ ၅ ဦး ရေထဲမျှောပါပြီး နှစ်ဦးက အသက်ရှင်ခဲ့ပေမယ့် ကျန် ၅ ဦးက ရေထဲမျှောပါ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

“ကားလည်း ပြန်တွေ့ပြီ။ ပြီးတော့ နောင်ပိန်က ဗလီဆရာတစ်ယောက်ရဲ့ အလောင်းလည်း တွေ့ထားပြီ။ ကျန်တဲ့သူတွေ မတွေ့သေးဘူး” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေထဲမျှောပါ ပျောက်ဆုံးသူတွေထဲက ၃ ဦးဟာ ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာခံတွေ ဖြစ်ပြီး ကျန် ၂ ဦးရဲ့ နေရပ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်က လားရှိုး-သီပေါကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပိတ်ထားတာကြောင့် ခရီးသွားတွေက ချောင်းကနေ ဇက်ကူးပြီး ဖြတ်သန်းသွားလာနေရပါတယ်။

လူထုတွေကတော့ သီပေါတံတားကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပြီး စစ်ကောင်စီတပ်ဘက်ကတော့ ၁ နှစ်နီးပါးကြာတဲ့အထိ သီပေါတံတားပေါ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။