ဓာတ်ပုံ – Local

‎ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်၊ တာချီလိတ်

‎‎၄ လ ဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ ကျောက်မဲမြို့နယ်မှ အမျိုးသမီး ၁ ဦး ပြန်လွှတ်လာပြီး စစ်ကောင်စီတပ်ကို သိန်း ၇၀ ကျော် ပေးခဲ့ရကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ဝန်းကျင်က တာချီလိတ်မြို့သို့ အလုပ်လုပ်ဖို့သွားတဲ့ ကျောက်မဲ၊ မိုင်းရယ်နဲ့ တန့်ယန်းက အမျိုးသမီး ၃ ဦးကို တာချီလိတ်မြို့ ညဈေးတန်းအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“သူဖမ်းခံနေရတဲ့အတောအတွင်း လုံးဝ အဆက်အသွယ်မရဘူး။ ဟိုနေ့ မှ ဖုန်းဆက်လာပြီး ပိုက်ဆံ ၈၀ လိုတယ်ပြောလာတာ။ မရှိနိုင်ဘူး အဲလောက်က များတယ် ညှိရင်းနဲ့ ၇၀ ပေးလိုက်မှ လွှတ်လာတာ” လို့ ပြောပါတယ်။

‎ဧပြီလ ၁၆ ရက် ညမှ စစ်ကောင်စီတပ်ဟာ မိသားဝင်တွေကို ဖုန်းဆက်ခိုင်းပြီး ငွေ သိန်း ၇၀ နဲ့ ပြန်ရွေးခိုင်းဖို့ အတင်းအဓမ္မ ဖိအားပေး ခြိမ်းခြောက်ခံခဲ့ရကြောင်း အထက်ပါ အမျိုးသားက ဆိုပါတယ်။

‎”စဖမ်းကတည်းက ပိုက်ဆံပေးရင် ပြန်လွှတ်ပေးမယ်ပြောတယ်။ ဒါပေမဲ့ သူက မပြောလာရဲဘူး” လို့ အထက်ပါအမျိုးသားက ထပ်ပြောပါတယ်။

‎ဖမ်းစီးခံထားရချိန်မှာ မကြာခဏ ရိုက်နှက်နှိပ်စက်ခံနေရတာရှိသလို စစ်မှုထမ်းဖို့လည်း မကြာခဏ ပြောဆိုတာလည်းရှိကြောင်း သူကဆိုပါတယ်။

‎‎ဒါ့အပြင် သူမနဲ့အတူ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ငွေပေးဖို့ အတင်းဖိအားပေး ပြောဆိုနေပြီး မပေးနိုင်ပါက ဧပြီလကုန်ရင် စစ်မှုထမ်းခိုင်းဖို့ ပြောထားကြောင်း ဆိုပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။