ရွှေဖီမြေ၊ ဧပြီလ ၂၁ ရက်၊ မူဆယ်
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ နေ့စဉ် ဆယ်နဲ့ချီ ဆက်တိုက်အဆင်းအတက်ပြုလုပ်နေကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကနေစတင်ပြီး မူဆယ်မြို့ဘက်ကို ရဟတ်ယာဉ်နဲ့ နေ့စဉ်ဆက်တိုက် အဆင်းအတက် ပြုလုပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သင်္ကြန်ပြီးလို့ လူအပြောင်းအလဲလုပ်တာလား ပစ္စည်းလာချတာလားတော့ မပြောတတ်ဘူး။ ခနလေးပဲလာတာဆိုတော့ လူလာပို့တာပဲဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း လာခေါ်သွားတာဖြစ်မယ်လေ။ သူတို့ပစ္စည်းလာချရင် နည်းနည်းကြာအုံးမာလေ။ အခုက ၁၀ မိနစ်လာပြီး ပြန်သွားတယ်။ ဒီနေ့ ၄ စီးရှိသွားပြီ သွားလိုက်လာလိုက်လုပ်နေတာ။ မနေ့နဲ့ တမြန်မနေ့လည်း အဲလိုပဲ”
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း မူဆယ်မြို့မှာ စစ်ကောင်စီက ရဟပ်ယာဉ်နဲ့ တပ်တွေကို အပြောင်းအလဲ လာလုပ်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။
မူဆယ်မြို့မှာ စစ်တပ်အပြင် ပြည်သူ့စစ်တွေလည်း သွားလာလှုပ်ရှားနေပြီး အများစုဟာ စီးပွားရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။