Browsing Tag
Bhamo
32 posts
ဗန်းမော် ဒေါ့ဖုန်းယန်မြို့နယ် လွန်ကျုံရွာအနီးရှိ နို့ကင်ဆာ ဖြစ်နေတဲ့ စစ်ရှောင် အမျိုးသမီးတစ်ဦး ဆေးကုသဖို့အကူအညီ လိုအပ်နေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ လွန်ကျုံရွာ အနီးရှိ စစ်ရှောင်စခန်း တစ်ခုက နို့ကင်ဆာ ဖြစ်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဆေးကုသဖို့ အကူအညီ လိုအပ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လေကြောင်းဗုံးကြဲလို့ မိဘ၂ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်က ကံကြီးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်တွေ မီးလောင်ပျက်စီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကမ္ဘနီကျေးရွာအုပ်စု၊ ကံကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးကာ နေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတချို့ ပြန်ရ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ နေရာတစ်နေရာ ပြန်ရထားပြီဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။