ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇူလိုင် ၈၊ ဗန်းမော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ လွန်ကျုံရွာ အနီးရှိ စစ်ရှောင်စခန်း တစ်ခုက နို့ကင်ဆာ ဖြစ်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဆေးကုသဖို့ အကူအညီ လိုအပ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကလေး ၅ ယောက်ရဲ့ မိခင်ဖြစ်တယ်။ ကလေး အငယ် နို့စို့အရွယ် ကတည်းက နို့ကင်ဆာဖြစ်လာတာ။ ကလေးတွေကတော့ အကြီးနှစ်ယောက်သာ အသက်

ရှင်ကျန်နေပြီး ကျန်တဲ့ကလေးတွေ ဆုံးသွားပြီလို့ သိရတယ်။” လို့ လူနာအမျိုးသမီးနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဲအမျိုးသမီးဟာ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ နန့်လှိုင်ရွာခံဖြစ်ပြီး ဆေးကုသဖို့ စရိတ်ခက်ခဲနေတာကြောင့် အကူအညီ လိုအပ်နေတာလို့ သူက ပြောပါတယ်။

“စစ်ရှောင်ခါစကတော့ အကြိတ်အလုံးက သေးသေးလေးပဲ ရှိသေးတယ်။ ဆေးခန်းပြတော့ မြစ်ကြီးနား ဆေးရုံသွားဖို့ ညွှန်းလိုက်တယ်။ ညွှန်းလိုက်ပေမယ့် ငွေကြေးမရှိတာကြောင့် ၈ လကြာသွားတဲ့ အထိ ဆေးရုံမသွားနိုင်ခဲ့တော့ အခုလို အချိန်လွန်ပြီး အခြေအနေ ဆိုးဝါးသွားတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

ဗန်းမော်မြို့တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက လွန်ကျုံရွာအနီး စစ်ရှောင်တွေ စုဝေး နေထိုင်တဲ့နေရာမှာ တဲထိုးနေထိုင်ကြတာဖြစ်ပြီး တိုက်ပွဲကြောင့် ရွာလည်း ပျက်သွားကာ နေအိမ်တွေလည်း မရှိတော့တာကြောင့် ပိုပြီးခက်ခဲနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေနဲ့ အွန်လိုင်းပေါ်က အကူအညီနဲ့ လမ်းစရိတ်တချို့ရခဲ့လို့ မြစ်ကြီးနားဆေးရုံကို သွားနေတာဖြစ်ပြီး လက်ရှိ လမ်းခရီးဖြစ်တဲ့ ဝါရှောင်နားထိသာ ရောက်ရှိသေးကာ ဆေးဝါးကုသစရိတ် ခက်ခဲပြီး အကူညီလိုအပ်နေဆဲ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လွန်ကျုံရွာမှာတော့ ဒေသတွင်းဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်လာကြတဲ့ နန့်လှိုင်ရွာ အပါအဝင် ပတ်ဝန်းကျင်ရွာတွေ ခုံလှုံနေတဲ့ နေရာ တခုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ တိုက်ပွဲတွေကြောင့် လုံဂျုံနဲ့ ပန်ကောင်းမှု ကျေးရွာက ဒေသခံရာနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး၊ လုံဂျုံယန်ရွာမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် နေရပ်သို့ပြန်လည် အခြေနိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာလည်း ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တိုးလာနေပြီး စားဝတ်နေရေး၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက် အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။