ဓာတ်ပုံ – စစ်ကောင်စီ (ပုံဟောင်း)

ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်၊ မန်တုံ

‎မန္တ‌လေးမြို့မှာ အလုပ်လုပ်နေတဲ့ တအာင်းဒေသ မန်တုံမြို့နယ် လွယ်ဆောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ရှေ့တန်းကို ပို့ဆောင်ခဲ့ကြောင်း သူနဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဧပြီ ၂၇ ရက် ည ၈ နာရီ ဝန်းကျင်မှာ မန္တလေး စက်မှုမှာနေပြီး အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် မိုင်းညီဆာဟာ အလုပ်ဆင်းပြီး ရပ်ကွက်ထဲ ဖုန်း‌ဘေသွားဝယ်ချိန် စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ချိန်နဲ့တိုးတာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်ကိုသိရှိတဲ့ သူငယ်ချင်းဖြစ်သူက “သူဖမ်းခံရပြီး စခန်းရောက်တဲ့ချိန် ဖမ်းခံရတဲ့အကြောင်း ဖုန်းဆက်ပြောလာတယ်။ ကျနော်မေးသေးတယ်။ ပြန်ထုတ်လို့ရလားလို့။ မရဘူးတဲ့ လူအစားထိုးမှ ရမှာတဲ့” လို့ ပြောပါတယ်။

‎ဖမ်းဆီးခံရသူ မိုင်းညီဆာကိုလည်း စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်းဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကဆိုပါတယ်။

‎ဖမ်းဆီးခံခဲ့ရသူဟာ မိုင်းညီဆာအပြင် တခြားတိုင်းရင်းသား လူမျိုးစုတွေလည်းပါဝင်ပြီး စစ်ကားတစ်စီးရှိကြောင်း မိုင်းညီဆာရဲ့ပြောပြချက်ကို အထက်ပါအမျိုးသားက ပြန်ပြောပြတာ ဖြစ်ပါတယ်။

‎အလားတူ မန္တလေးမြို့မှာ လူလတ်ပိုင်းအမျိုးသားတွေ မကြာခဏ ဖမ်းဆီးခံနေရတာတွေရှိပြီး မိသားစုဝင်တွေနဲ့လည်း စစ်ကောင်စီတပ်က ဆက်သွယ်ခွင့် မပေးကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။