ရွှေဖီမြေ၊ ဧပြီ ၂၉ ရက်၊ ဟိုပန်

ရှမ်းမြောက် ဟိုပန်မြို့နဲ့ ကွမ်လုံမြို့ကြားရှိ ဟိုပန်တံတားမှာ ကိုးကန့်အစောင့်တပ်သားတွေက ကားသမားတွေထံ ငွေတောင်းယူတာ ရှိနေတယ်လို့ ပေးဆောင်ခဲ့ရတဲ့ ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်က သတ်မှတ်ထားတဲ့ ယာဉ်လိုင်စင်ကို ဆောင်ထားပြီဖြစ်ပေမဲ့ ဟိုပန်တံတားက ကိုးကန့်အစောင့်တပ်သားတွေဟာ ကားသမားတွေထံ တရုတ်ငွေ ယွမ် ၃၀၀ (၁၈၀၀၀၀)ကနေ ယွမ် ၅၀၀ ( ၃၀၀၀၀၀)အထိ တောင်းယူနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ကားသမားတစ်ဦးက “အဲဂိတ်မှာ တာဝန်ကျနေတဲ့ ၃ ယောက်က ကောက်တာပါ။ အခွန်ခ အနေနဲ့ ပေးရတာတဲ့။ တစ်ခါဖြတ်ရင် တစ်ခါပေးရတာဆိုတော့ အဆင်မပြေဘူးလေနော်။ ပိုက်ဆံပေးတဲ့အခါမှာလည်း သူတို့ ၃ ယောက်က ပေါ်တင်ယူတာတော့ မလုပ်ဘူး။ ဆေးလိပ်ဗူးထဲ ထည့်ပေးရတာတွေ ကိုယ်က လုပ်ရတယ်။ လိုင်စင်လည်းပါပေမဲ့ ပိုက်ဆံက ပေးရတာပဲ”လို့ ပြောပါတယ်။

အဲဒီအစောင့်တပ်သားတွေ အိမ်စီးကားကိုသာ အဓိကပစ်မှတ်ထား ငွေကောက်ခံနေတာဖြစ်ပြီး တချို့ကားသမားတွေတော့ တရုတ်ငွေ ယွမ် ၇၀၀ (၄၂၀၀၀၀) အထိ ပေးဆောင်နေရတာ ရှိတယ်လို့ နောက်ထပ်ကားသမားတစ်ဦးက ပြောပါတယ်။

“သူတို့ဂိတ်ရောက်တော့ ဗမာလူမျိုးဖြစ်ရင် စပြီးတော့ ရစ်တာပေါ့။ လိုင်စင်တောင်းလည်း ပေးတော့ ဖြတ်မရဘူးတဲ့။ ကျနော်တို့က ကိုးကန့်အခွန်ဆောင်ရအောင်လည်း ဟိုပန်ကနေ ထွက်လာရင် သူတို့နယ်မြေမဟုတ်တဲ့ တခြားမြို့တွေပဲ သွားလာတဲ့သူတွေပါ။ တခါတလေဆို ဘာမှမရှင်းပြပဲနဲ့ ပြန်လှည့်ခိုင်းတာမျိုးတွေလည်း ကြုံနေရတာ”

ဂိတ်စောင့်တပ်သားတွေ အခုလို ကားသမားတွေထံ ငွေကောက်ခံပြီး လုပ်စားနေတာကို သိရှိနိုင်ဖို့ အထက်လူကြီးတွေအနေနဲ့ မြေပြင်ကွင်းဆင်းပြီး အခွန်ကောက်ခံတာတွေကို တားဆီးပေးဖို့ ကားသမားတွေ တောင်းဆိုထားကြပါတယ်။

ဟိုပန်တံတားဟာ “ဝ”တပ် UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ ကွမ်လုံမြို့ကြားမှာ တည်ရှိတဲ့ တံတားဖြစ်ပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။