ရွှေဖီမြေ၊ ဇွန်လ ၂၅ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော်- PSLF/TNLA က နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း ၂ နှစ်တာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့သွားမယ်လို့ ထုတ်ပြန်လာပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ ၁၀၈.၇၄ ကီလိုဂရမ်၊ ယာမ စိတ်ကြွဆေးပြား ၆၁၆.၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁၉.၄၀၉ ကီလိုဂရမ် စုစုပေါင်း ကျပ်ငွေ ၂၀ ဘီလျံ တန်းဖိုးရှိတယ်လို့ ဆိုပါတယ်။

PSLF/TNLA ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ကစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ကနေ ၂၀၂၅ ခုနှစ်အထိ ၁၃ နှစ်ကာလအတွင်း ဘိန်းဖြူ ၇၀၀.၁ ကီလိုဂရမ်၊ ဘိန်းဖြူခဲ ၂၅ ကီလိုဂရမ်၊ ဘိန်းမဲ ၃၅၆.၀၁ ကီလိုဂရမ်နဲ့ ယာမ စိတ်ကြွဆေးပြား ၂,၆၀၂.၃၆ ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘိန်းခင်း ၅,၃၁၃ ဧကကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူ ၁၁,၃၃၇ ဦးကို အကျင့်စာရိတ္တ ပြုပြင်တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ပန်ဆန်းက KTV တစ်ခုမှာ အမျိုးသမီးတစ်ဦး K ရှူလွန်ပြီး သေဆုံး

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ရှိ KTV တစ်ခုမှာ အမျိုးသမီးတစ်ဦးက အသုံးများတဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်တဲ့ K ဆိုတဲ့အမှုန့်ကို အရှူလွန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရပါတယ်။

မူဆယ်က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးပြီး အလောင်းဖျောက်ထား၊ ဂိမ်းရုံတော့ ဆက်လက်ဖွင့်နေဆဲ

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ဂိမ်းရုံတစ်ခုမှာ အမျိုးသား ၂ ဦးကို ပြည်သူ့စစ်တွေက ဝိုင်းရိုက်လို့ သေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

UWSA က ဖမ်းဆီးရမိတဲ့ ကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်း

“ဝ” တပ်မတော် – UWSA က မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံနဲ့ နယ်စပ်ချင်းနီးစပ်တဲ့ မိုင်းဆက်ခရိုင် မိုင်းတုံမြို့နယ်မှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။

သီပေါနဲ့ မိုင်းရယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၅ ခုကို ထပ်မံဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ပြော၊ မူးယစ်းဆေးဝါးစခန်းအနီးရှိ SSPP တပ်စခန်းကိုလည်း သိမ်းဆည်းရမိ

ရှမ်းမြောက် သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၅ ခုကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်းဆေးဝါးထုတ်လုပ်ရေးစခန်းအနီး ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စခန်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။