ပပ၊ ဇူလိုင် ၁၃ ရက်

‎မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့က အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှ်ိ သူငယ်ချင်းဖြစ်သူမှ တရုတ်မယားအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး ခိုးပေါက်ကနေ ဝင်တာကြောင့် လက်ရှိမှာတော့ မန်စီမြို့မှာ အဖမ်းခံထားရကြောင်း သူနဲ့နီးစပ်သူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ‎ဇူလိုင် ၁ ရက်မှာ ၎င်းအသက် ၂၁ နှစ်အရွယ် မအိသိင်္ဂီစိုးဟာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားချိန် မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်သိရသူ အမျိုးသားက “ထပ်ဆင့်ထပ်ဆင့် စုံစမ်းမေးမြန်းကြည့်တော့ သူ့က မန်စီမှာ ဖမ်းခံထားရတာ။ ခိုးပေါက်က ဝင်လို့ဖြစ်တယ်တဲ့” လို့ ပြောပါတယ်။

‎၎င်းအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ကူမဲနေအိမ်မှ မန္တလေးမြို့သို့ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်လာရာကနေ အခုလို ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်ကိုသိရသူ မူဆယ်မြို့ရှိ အမျိုးသားက “သူကိုယ်တိုင်ပြောပြတာက မန္တလေးကနေ တရုတ်ပြည်အထိ လမ်းစရိတ်အကုန်ကျခံခေါ်လာတဲ့ ပွဲစားနဲ့လာတာ။ အရောင်းတော့မခံရသေးဘူး။ ‌လမ်းမှာ အဖမ်းခံထိထားတာ။ လောလောဆယ် သူအကူအညီ လိုနေတယ်” လို့ ပြောပါတယ်။

‎အလားတူ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်နဲ့ တရုတ်ပြည် ရွှေလီ၊ မန်စီ စတဲ့ နေရာတွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ရှမ်းမြောက်က အမျိုးသမီးတွေအပါအဝင် ပြည်မက အမျိုးသမီးတွေလည်း မကြာခဏ လူကုန်ကူးခံနေကြရတာကို တွေ့နေရပါတယ်။

‎ဒါ့အပြင် ရှမ်းမြောက်က အမျိုးသမီး‌နဲ့ ကလေးငယ်တွေလည်း မကြာခဏ ပျောက်ဆုံးနေကြောင်း မိသားစုဆွေမျိုးတွေ ရေးသားဖော်ပြအကူအညီတောင်းတဲ့စာကို လူမှုကွန်ယက်မှာ တွေ့နေရသလို ရွှေဖီမြေကိုလည်း အကူအညီတောင်းတာတွေလည်း ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကောင်းတပ် နေအိမ်ပျက်စီးမှုအတွက် TNLA က ကူညီပေးမှု ပြီးစီးပြီလို့ ထုတ်ပြန်

ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများခဲ့တဲ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို ကူညီပေးမှု ပြီးစီးပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

လေကြောင်းဗုံးကြဲလို့ မိဘ၂ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး မိုင်းကိုင်မြို့နယ်က တအာင်း အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရ၊ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ သားမိ၂ဦး နေရပ်ပြန်သွားနိုင်ခဲ့

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မြို့နယ်က အမျိုးသား ၁ ဦး မိုင်းနင်းမိပြိး ခြေတစ်ဖက်ဖြတ်လိုက်ရ၊ ကုသဖို့အတွက် အကူအညီလိုအပ်နေ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် PSLF/TNLA ထံကနေ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာက အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။