ဓာတ်ပုံ – Local

ပပ၊ ဇူလိုင် ၂၀ ရက်၊ လားရှိုး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဖြစ်စဉ်မှာ မနေ့ ဇူလိုင် ၁၉ ရက် ည လားရှိုးမြို့ ရပ်ကွက် ၁၀ တိုင်းရုံးလမ်း တိုင်းဂိတ်မရောက်ခင် လမ်းသွယ်ရှိ အသက် ၅၀ ဝန်းကျင်အရွယ် မောင်နှမ နှစ်ယောက်သာနေတဲ့ ကျေးဇူးရှင်က နေအိမ်တစ်ခုမှာ အနုကြမ်းစီးကာ ဓါးပြတိုက်ပြီး သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

‎အဲရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “သူတို့ မောင်နှမ ၂ ယောက်ထဲနေတာ။ အသက်က ၅၀ နားပတ်ဝန်းကျင်ပါ။ ပိုက်ဆံချမ်းသာကြတယ်။ မိန်းမတွေဘဲနေတာကိုလည်း သိလို့နေမယ်။ သတ်တာက ဓါးနဲ့လား ဘာနဲ့လည်း သေချာမပြောတတ်ဘူး” လို့ ပြောပါတယ်။

‎အလားတူ ဖြစ်စဉ်မျိုး လားရှိုးမြို့မှာ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာက အရေးတယူ ဆောင်ရွက်တာမျိုး ဆောင်ရွက်တာ မရှိတာကြောင့် ဒေသခံတွေ ကိုယ်ထူကိုယ်ထ သူခိုးဖမ်းတာနဲ့ ဓါးပြတိုက်သူကို ပြန်ခုခံတာတွေ လုပ်ဆောင်နေရကြောင်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

‎ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း (ရမခ)တိုင်းအနီး လေယာဉ်ကွင်းမှာ အမျိုးသားတစ်ဦး ဓါးပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း ၄၀ ပါသွားခဲ့ပါတယ်။

‎ဇူလိုင် ၇ ရက်ကလည်း ရပ်ကွက် ၅ မှာ ဓါးပြတိုက်တဲ့ အမျိုးသား ၃ ဦးကို အိမ်ရှင်ဖြစ်သူက ဓါးနဲ့ လိုက်ခုတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာကို တွေ့ရပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူနိုင်တာ မရှိခဲ့ပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။