အလင်း၊ မေလ ၂၂ ရက်၊ ကန်ပက်လက်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ မြို့အဝင်ထိ ရောက်ရှိလာပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

မကွေးတိုင်း ဆောမြို့ကနေ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ဟာ ကန်ပက်လက်မြို့ ဒေသအခေါ် ၆ မိုင်အထက် မြို့အဝင် ဘုန်းကြီးကျောင်းအောက်ရှိ ထင်းရှူးတောထဲ မနေ့ မေလ ၂၁ ရက်မှာ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

“၆ မိုင်နဲ့ ကန်ပက်လက်က သိပ်မဝေးတော့ဘူး။ အခု စစ်ကြောင်းက ၆ မိုင်အထက် မြို့အဝင်ထိကို ရောက်ပြီ။ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ တိုက်ပွဲအခြေအနေ အသေးအစိတ် မသိရသေးဘူး” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ကန်ပက်လက်မြို့နဲ့ ၆ မိုင်ကြားမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်မြို့ကို မြေပြင်ကနေ စစ်ကြောင်း ထိုးနေသလို လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မနေ့ မေလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ မေလ ၂၂ ရက် မနက် ၂ နာရီဝန်းကျင်မှာ တံတားဦး လေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ ကန်ပက်လက်မြို့ထဲက နေရာတစ်နေရာကို လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့သလို ဒီမနက်မှာလည်း ၄ ကြိမ် ထပ်မံ ဗုံးကြဲခဲ့ပါတယ်။

“ဒီနေ့မနက်မှာ လေကြောင်း တိုက်ခိုက်မှု ၈ ကြိမ်လောက် ပြုလုပ်သွားပါတယ်။ မြို့ထဲမှာပဲ ကြဲသွားတာပါ။ မနေ့ကလည်း ကြဲတယ်။ အခုထိလည်း ကင်းထောက်လေယာဉ် မြို့ပေါ်မှာ ဝဲနေဆဲပါ” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ လူထုတွေ လူစုလူဝေး မပြုလုပ်ဖို့ တော်လှန်ရေးရဲဘော်တွေ မဟုတ်ရင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်တာ မပြုလုပ်ကြဖို့ မြို့နယ် ပကဖက အသိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။